31 C
Yangon

ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန် ၊ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီဝန်းကျင်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီတိုက်ပွဲမှာတော့ စကစ သေဆုံးမှု ရှိနိုင်တယ်လို့တော့ ထင်တယ်။ ကျွန်တော်တို့ဘက်က လက်ဦးမှု အလစ်ငိုက် တိုက်ခိုက်တယ်ဆိုတော့လေ။ ဒါပေမယ့် သေဆုံးသူနဲ့ ဒဏ်ရာရ ဦးရေတော့ အတိအကျဖော်ပြလို့ မနိုင်ဘူး။ ပြီးတော့ ရေးဆေးရုံမှာလည်း စကစ ဘက်က ထိခိုက်မှုတွေ လာကုတာ အများကြီးရှိတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် တောက်လျှောက် ၁၅ ကြိမ် ဝန်းကျင်ပစ်ခတ်ခဲ့ပြီး ဒေသပြည်သူများ၏ ခြံများ ပျက်စီးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article