32 C
Yangon

တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံးကြီး စစ်တပ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံးကြီး စစ်တပ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံးကြီး စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များက စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး၁ ဦးနှင့် ရဲဘော် ၃ ဦးသေဆုံးကြောင်း၊ စစ်သား ၆ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စနိုက်ပါနဲ့ ပစ်ခတ်လို့ ကျောက်လုံးကြီးဂိတ်စခန်းက တပ်ကြပ်ကြီး ၁ ဦး၊ ရဲဘော် ၃ ဦး စုစုပေါင်း ၄ ဦး ကျတယ်။ ၆ ဦးလည်းဒဏ်ရာရတယ်။ အဲဒါက စနိုက်ပါ မစ်ရှင်လို့ သိရတယ်။ ၄၀ စနိုက်ပါတွေနဲ့ပစ်တာလို့သိရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် တောင်ငူ-လိပ်သို လမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က လက် နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article