26 C
Yangon

မတ္တရာနှင့် နွားထိုးကြီးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက် နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ အထက်သို့ ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ သံခွန် ၇ စီးသည် မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ သံခွန်များက ရမ်းသမ်း ပစ်ခတ်မှုကြောင့် ငယ်တိုးရွာကျေးရွာမှ ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ် အောက်တောင်းကိုင်းကျေးရွာမှ ပြည်သူ ၂ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာကိုလည်း အကြမ်း ဖက် စစ်တပ်က ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article