ရန်ကုန်၊ ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာဂိုထောင်နှင့် မော်တော်ယာဉ် ဂိုထောင်တို့ ထိမှန်ခဲ့ပြီး ကား ၃ စီးမီး လောင် ပျက်စီးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၄၄ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၆၀၃ ဗဟိုကင်းစခန်းကို ၁၁၄ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်၏ ရိက္ခာဂိုထောင်နှင့် မော်တော်ယာဉ် ဂိုထောင်တို့ကို ထိမှန်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ထိမှန်ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင် စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂၊ တပ်မဟာ ၂ တပ်ရင်း၅ နှင့် အထူးတပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar