ရေစကြိုမြို့ ခလရ ၂၅၈ တပ်မှ တပ်ပြောင်းရွှေ့လာသော ဗိုလ်ကြီးဇော်လင်း၏ ပစ္စည်းများနှင့် အိမ်ထောင် ပရိဘောဂများ တင်လာသော ကားတစ်စီး၊ ရှေ့တန်းတွင် သေဆုံးသွားသော စစ်သား၏ မိသားစုဝင် ၂ ဦးကိုပါ ဖမ်းဆီးရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်မှ တပ်ပြောင်းရွှေ့လာသော ဗိုလ် ကြီးဇော်လင်း၏ ပစ္စည်းများနှင့်အိမ်ထောင်ပရိဘောဂများတင် လာသော ကားတစ်စီးနှင့် ရှေ့တန်းတွင် သေဆုံးသွားသော စစ်သား ၁ ဦး၏ မိသားစုဝင် ၂ ဦးကိုပါ ဖမ်းဆီးရရှိကြောင်း Southern YSO PDF အဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန် ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၈ တပ် မှ တပ်ပြောင်းတပ်ချိန်း ပြုလုပ်ရန် ပစ္စည်းများ သယ်ဆောင်လာသော (ကန်ဒါကား) ကားကို ရေစကြို၊ပခုက္ကူ လမ်းခုလတ် တစ်နေရာတွင် Southern YSO PDF အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါ ကားပေါ်တွင် တင် ဆောင်လာသော ပစ္စည်းများမှာ ခလရ ၂၅၈ တပ်မှ တပ်ပြောင်းရွှေ့သည့် ဗိုလ် ကြီး ဇော်လင်း ၏ အိမ်ထောင် ပရိ ဘောဂ ပစ္စည်း အများအပြားကို သိမ်း ဆည်း ရရှိခဲ့ကြောင်း၊ အဆိုပါကားမှ ကားဒရိုင်ဘာ ၁ ဦး အပြင် လွန်ခဲ့ သော ၈ လဝန်းကျင် ရှမ်းမြောက်ဒေသတွင် သေဆုံးခဲ့သော ရေစကြို ခလရ ၂၅၈ တပ်မှ စစ်သား ၁ဦး၏ မိသားစုဝင် သားအမိ ၂ယောက်အပါ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်ဆီးသိမ်းဆည်းရရှိမိသော ပစ္စည်းများတွင် အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ ဗိုလ်ကြီးဇော်လင်း ၏ စစ်သင်တန်းဆင်း လက်မှတ်များ ဗိုလ်ကြီး ဇော်လင်း ၏ လစာထုတ် အင်းဝဘဏ် စာအုပ်များ၊ တပ်တွင်းအပေါင်ခံ လစာထုတ်ကတ်များ၊ ဗိုလ်ကြီးဇော်လင်း ၏ မင်္ဂလာဆောင်မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ် ကြီး ဇော်လင်း ၏ ကိုယ်ရေးကိုယ်တာ ရည်းစားစာများ စသည်တိုကို သိမ်း ဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိသော ကားမှာလည်း စစ်ကောင်စီတပ်က တိတ်တိတ်ဆိတ်ဆိတ် အသုံးပြု သုံးစွဲနေသော ကားဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က တိတ်တဆိတ်သုံးစွဲနေသော ကားဖြစ်၍ Southern YSO PDF အဖွဲ့က တော်လှန်ရေး လုပ်ငန်းစဉ် အသုံးပြုရန်အတွက် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသက်ဆိုင်သည့် လူပုဂ္ဂိုလ်များကို မြေပြင်သတင်းသတင်းအချက် အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးသွားပြီး အပြစ်မရှိသူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။