ယင်းမာပင်နှင့် မင်းတုန်း မြို့နယ်တို့ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား
ရန်ကုန်၊ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးလက်ရုံးတပ်တော် – SAF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ ကာကင်း စခန်း တစ်ခုဖြစ်သော ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ အမြောက်အများအသုံးပြုခုခံခဲ့ကြောင်း သိရသည်။
ထို့သို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုသည် ညနေ ၆ နာရီအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၂၀ ဦးသေဆုံးကာ ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော် ၁ ဦးအပါအဝင် ပြည်သူ့ကာ ကွယ်ရေးရဲဘော် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်တပ်များဖြစ်သော ULF စစ် ကြောင်း၊ BLDF၊ ဘုတလင် Local mobile၊ ဗျူဟာ ၄၆ ယင်းမာပင်ခရိုင်တပ်ရင်း (၁၈၊ ၂၅၊ ၃၀၊ ၃၂)၊ ဗျူဟာ ၄၇ ယင်းမာပင်တပ်ရင်း (၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆)၊ ဗျူဟာ ၄၅ ယင်းမာပင်တပ်ရင်း (၂၁၊ ၂၂၊ ၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၀၊ ၂၃)၊ B 21၊ YRF နှင့် Sallingyi GZ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ သရက်မြို့နယ်၊ တွင်းလည်ကျေးရွာ၊ ဘုရာကုန်းရွာအနီး၌ အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံး တပ်တော် -SAF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၁၁ ရက်နေ့က သရက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပဖ ၁၂ မှ အင်အား ၅၀ ခန့် ဖြင့်ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကပစ ၁၂ နှင့် ၆ မိုင်ခန့်အကွာ တွင်းလည် ကျေးရွာ ဘုရားကုန်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မင်းတုန်းမြို့ ၅ မိုင်ဂိတ်စခန်းနှင့် မင်းတုန်းမြို့ မီးသတ်ရုံး၊ လဝကရုံးတို့ကို ကျောင်းသားလက်ရုံးတပ်တော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီသားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်