26 C
Yangon

သီပေါမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

သီပေါမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂

ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်ရင်းက ပြည်သူများ ရှိရာ နေရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကုံးစုံ (လီဆူ) ရွာရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၄၇ နှစ်အရွယ် ကိုကျော်မြင့်ဆိုသူ၏ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာ တို့တွင် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူရှိရာ သို့ ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက်၅၂ နှစ်အရွယ် ဒေါ်စိန်ပွင့်ဆိုသူ နှလုံး တည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ ရှိရာကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ဒေသပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ထိမှန် ဒဏ်ရာရခဲ့ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article