27 C
Yangon

ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်ဖြင့် ကော့သောင်း- ရနောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ လူငယ်များ သွား လာခွင့်ပိတ်ပင်ပြီး တာချီလိတ် နှင့်မြ၀တီဂိတ်များတွင် ပုံမှန်ဖွင့်ထားဆဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

တနင်္သာရီတိုင်း၊ ကော့သောင်းမှ ထိုင်းနိုင်ငံ၊ ရနောင်းသို့ ကူးသန်းသည့် နယ်စပ်ဂိတ်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အမျိုးသားလူငယ်များ နယ်စပ် ဖြတ်ခွင့်ပိတ်ပင်လိုက်ခြင်းမှာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ သက်ဆိုင်ရာ စစ်တိုင်းမှူး၏ အမိန့်ဖြင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့မှစတင်ပြီး စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ လူငယ်အမျိုးသားများကို ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်သို့ ကူးသန်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပိတ်ပင်မှုသည် ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်ဖြင့် ပိတ်ပင်ခြင်းဖြစ်ပြီး အခြားသော ထိုင်းနိုင်ငံ ကူးသည့် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်နှင့် မြ၀တီ-မဲဆောက်နယ်စပ်ဂိတ်များတွင် ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ကရတ တိုင်းမှူး အမိန့်နဲ့ ပိတ်တာလို့သိရပါတယ်။ အခြားထိုင်း-မြန်မာနယ်စပ်ဂိတ်တွေတော့ပုံမှန်ပါပဲ။ အမျိုးသားတွေကို အဓိက ပိတ်တာပေါ့။ အမျိုးသမီးတွေကတော့ မပိတ်ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)၊ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်(BP)၊ အလည်အပတ်ပတ်စပို့(PV)၊ အလုပ်အကိုင်ပတ်စပို့ (PJ) နိုင်ငံကူးလက်မှတ်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အမျိုသားများကို နယ်စပ်ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီကထိုသို့ တရားဝင် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှဖြတ်သန်းခွင့်ပိတ်ပင်လိုက်သဖြင့် တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် ရနောင်းဘက်သို့ လူငယ်များ ကူးသန်းသွားလာနေကြကြောင်း သိရှိရသည်။

“မနေ့က အပေါ်က ပေးမဖြတ်တော့ အခြားအပေါက်တွေကနေ သွားနေကြတာပါပဲ။ အလုံးစုံတော့ ပိတ်ဖို့ ခက်ပါလိမ့်မယ်။ ပွဲစားတွေအလုပ်ပိုဖြစ်လာတာပေါ့” ဟု ကော့သောင်းမြို့မှ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ကော့သောင်းမှ ထိုင်းနိုင်ငံ၊ ရနောင်းဘက်သို့ သွားရောက်နေကြသည့် MOU မြန်မာအလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကော့သောင်းမှ ထိုင်းနိုင်ငံ၊ ရနောင်းဘက်သို့ သွားရောက်နေကြသည့် MOU မြန်မာအလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article