27 C
Yangon

NUG အုပ်ချုပ်ရေးယန္တရားတွင် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှုများနှင့် လက်နက်အားကိုး ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူများကို ပြတ်ပြတ်သားသား ကိုင်တွယ်ရန် NUG ဝန်ကြီးချုပ် သတိပေး ညွှန်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အုပ်ချုပ်ရေးယန္တရားတွင် လုပ်ပိုင်ခွင့် အလွဲ သုံးစားလုပ်မှုများနှင့် လက်နက်အားကိုး၍ ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူများကို ပြတ်ပြတ်သားသား ကိုင်တွယ်ရန် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေး ညွှန်ကြားလိုက်ကြောင်း သိရျိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် ၂၅/၂၀၂၄ တွင် ပြည်ထောင်စုဝန်ကြီးချုပ်က အထက်ပါအ တိုင်း သတိပေးညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စစ်အာဏာရှင် တော်လှန်ရေး သည် ပြည်သူလူထု၏ အင်အားဖြင့် သွား နေခြင်းဖြစ်ပြီး တော်လှန်ရေးကို တာဝန်ယူထားကြသူများက ပြည်သူကို အာဏာပြ အနိုင်ကျင့်မှုမျိုးကို လုံး၀ လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က သတိပေးပြောဆိုသည်။

“အခုဆိုရင် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ထဲမှာလည်း တစ်ချို့ တာဝန်ရှိသူတွေဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လာတာမျိုးတွေနဲ့ လက်နက်အားကိုးပြီး ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူ တစ်ချို့ရှိတာ ကြားသိရပါတယ်။ ဒါတွေကို ပြတ် ပြတ်သားသား ကိုင် တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကို ထပ်မံမှာကြား လိုပါတယ်။ ပြည်သူ့အင်အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ တော်လှန်ရေးတာဝန်ယူထား ကြတဲ့ တာဝန်ရှိသူတွေက အာဏာပြအနိုင်ကျင့်တာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ လူတွေဆိုတာတော့ အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် မူဝါဒ ခိုင်ခိုင်မာမာနဲ့ သေချာထိန်းကျောင်းသွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု NUG ဝန်ကြီးချုုပ်က ပြောဆိုသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့်လည်း မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒကို လေးစားကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။

“ပြည်သူတွေဟာ ဒီတော်လှန်ရေးမှာ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို လက်ကိုင်ထားပြီး လက်ချင်းချိတ်ကာ အတူတကွဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ယုံကြည်ချက်ဆိုတာဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ် ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝအာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ ဒီယုံကြည်ချက်နဲ့အတူ ပြည်သူ တစ်ရပ်လုံးဟာ အသက်တွေ စွန့်၊ ဘဝတွေ စွန့်ပြီး ဒီကနေ့ထိ နောက်မဆုတ်တမ်း တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း အစိုးရအဖွဲ့ အစည်းအဝေးက တစ်ဆင့် သတင်းစကားပါးလိုပါတယ်။ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ အရေးအကြီးဆုံးက ကျွန်တော်တို့ ပြည်သူများရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်‌ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ဒီတော်လှန်ရေးကို ပြင်းပြတဲ့ စိတ်ဓာတ်ကလွဲလို့ ဘာမှမရှိပဲ လက်ဗလာနဲ့ စပြီး တော်လှန်ခဲ့ကြတာဟာ မတရားမှုတွေကို လက်မခံနိုင်လို့ ဒီစနစ်ဆိုးကြီး တကျော့ပြန်မလည် လာအောင် အပြီးထိ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်က တိုက် တွန်းပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article