27 C
Yangon

ဘီးလင်းအမြောက်တပ် ၃၁၄ မှ ဗိုလ်မှူး နိုင်အောင်ထွန်း နှုတ်ဆက်ပွဲမှ အပြန် ယာဉ်တိုက်မှုဖြစ်ပြီး ပွဲချင်းပြီးသေ

Must read

🟥 သေဆုံးသူ ဗိုလ်မှူးမှာ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ရန် စီစဉ်ညွှန်ကြားသူဖြစ်ပြီး NLD လွှတ်တော်အမတ်နေအိမ်ကိုလည်း ဦးဆောင်ချိတ်ပိတ်ခဲ့သူဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၃

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ အမြောက်တပ် ၃၁၄ မှ ဗိုလ်မှူးနိုင်အောင်ထွန်းသည် ရာထူးတိုးစာမေးပွဲ သွားရောက်ဖြေဆိုရန် နှုတ်ဆက်ပွဲ ပြုလုပ်ပြီး အပြန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ ည ၁၂ နာရီအချိန် ဘီးလင်းအမြောက်တပ် ၃၁၄ မှ ဗိုလ်မှူးနိုင်အောင်ထွန်းသည် တပ်ရင်းမှူး ရာထူးတိုးသွားရောက် ဖြေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများကို နှုတ်ဆက်ပွဲကို အိုအေစစ် KTV တွင်ပြုလုပ်ကြောင်း၊ ပွဲပြီးနောက် ရွှေစင်ဦး တည်းခိုခန်းတွင် သွားရောက် အနားယူရန် ပြန်စဉ် ရွှေပန်းချီ လက်ဖက်ရည်ဆိုင်ရှေ့ ရပ်ထားသော ကားကို ဝင်တိုက်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဖြစ်တာက ညအချိန်မတော်ဆိုတော့ သူ့အလောင်းကို တပ်က ချက်ချင်းသယ်သွားပြီးတော့ သတင်းမထွက်အောင် ဖုံးဖိတယ်။ သူ့မိန်းမက ရန်ကုန်မှာနေတာ တပ်ထဲလိုက်မနေဘူး။ ညအချိန်မတော်ဖြစ်တာဆိုတော့ လူတော့ သိပ်မသိလိုက်ကြဘူး။ တပ်ကလည်း သတင်းပေါက်မှာစိုးလို့ လက်စအကုန်ဖျောက်တာ။ ဖြစ်စဉ်က ညအချိန်မတော် KTV ကအပြန်ဆိုတော့ လူကြားလို့ မကောင်းတော့ဘူး သတင်းအထွက်မခံတာ။ သူ့အမျိုးသမီးကဆည်မြောင်းဉီးစီးမှူး။ သူ့အလောင်းကို ဘီးလင်းဆေးရုံမှာ ရင်ခွဲရုံထဲမှာထားထားတယ်။ မနက်ဖြန် မသာချမယ်” ဟု ဒေသတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးသူ အမြောက်တပ် ၃၁၄ ဗိုလ်မှူး နိုင်အောင်ထွန်းသည် ပြည်သူများနေထိုင်သော ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် အဓိက ညွှန်ကြားသူဖြစ်ပြီး ဘီးလင်းမြို့မှ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ နေအိမ်ကို ချိတ်ပိတ်ရာတွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“တစ်ချိန်လုံးရွာတွေထဲအမြှောက်နဲ့ပစ်ဖို့စီမံညွှန်ကြားရတဲ့ ဗိုလ်မှူးက ယာဉ်တိုက်မှုမှာ အတွင်းကလီ စာတွေ ကြေမွ အသေဆိုးနဲ့သေတာက အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာကြောင့် ကျိန်စာတွေစူးနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ ဗိုလ်မှူး နိုင်အောင်ထွန်းဦးစီးသော ဘီးလင်းအမြောက်တပ် ၃၁၄ သည် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်သဖြင့် ပြည်သူများ သေဆုံးကာ ကလေးငယ်များပါ မကျန် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်စေသော အမြောက်တပ်တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article