27 C
Yangon

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Rangoon Urban Column အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူးရုံး အုတ်တံတိုင်း ပြိုကျခဲ့ပြီး ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရှိကာ ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

“ကျနော်တို့ ရဲဘော်တွေ ကြိုးစားနေကြပါတယ်။ နောက်လဲဆက်လုပ်နိုင်အောင် ပြည်သူတိုင်း ပစ်မထားဖို့နဲ့ ပူးပေါင်းပါဝင်ပေးဖို့ ပြောချင်ပါတယ်။ ကျနော်တို့ အဖွဲ့ အနေနဲ့ စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ဆက်လက်တိုက်ခိုက် တော်လှန်သွားမယ်” ဟု Rangoon Urban Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံးရှိ ပျူစောထီးများသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူသစ်စုဆောင်း နေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း Rangoon Urban Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ရပ်ကွက်တစ်ခုလုံးကို ကြားရတာ ထိခိုက်မှု ရှိတယ်လို့တယ်လို့ သိရတယ်။ လူနာတင်ကားတွေ သွားတာလည်း တွေ့ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article