27 C
Yangon

ပခုက္ကူမြို့နယ်၊ မြောက်လူးကန် ကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန် ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ လေယာဉ်ကွင်းအနီး မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်းတွင် အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦး မျက်မြင်သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပခုက္ကူ ဆေးရုံကို ရောက်ရှိနေကြောင်း၊ PDF ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မြောက်လူးကန် ကျေးရွာမှာက အင်အား ရာဂဏန်းနီးပါးနဲ့ တပ်စွဲထားတဲ့ ကျေးရွာဘုန်းကြီးကျောင်း စခန်းကို ဝင်ရောက် တိုက်ခိုက်တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၉ ကောင် မျက်မြင် သေဆုံးအောင် ပစ်ခတ်နိုင်ခဲ့တယ်။ ခွေး ၆ ကောင်ကတော့ ဆေးရုံရောက်ရှိနေတယ်။ PDF ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိပြီး အောင်မြင်စွာ တပ်ဆုတ်နိုင်ခဲ့ပါတယ်” ဟု Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ ဒေါင်းညီနောင် ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းသွေးနီ ၊ ပြည်သူ့အားမာန် နှင့် King Cobra မဟာမိတ်ညီနောင် အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article