27 C
Yangon

နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီစျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် 92 နှင့် 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာလျှင် ၁၂၅ ကျပ်နှုန်းမြင့်တက်သွားပြီး ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျပ်ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်မြို့တွင် သတ်မှတ်ထားသော စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၂၁၅ ကျပ်၊ 95 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၃၅၅ ကျပ် ပေါက်စျေးရှိပြီး ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၁၂၅ နှုန်း ယမန်နေ့ ထက် မြင့်တက်သွားကြောင်း၊ ဒီဇယ်ဆီမှာမူ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၂၇၁၀ ရှိပြီး ယမန်နေ့ စျေးနှုန်းထက် တစ်လီတာလျှင် ငွေကျပ် ၅၅ မြင့်တက်သွားကြောင်း၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၃၉၅ ကျပ် စျေးရှိပြီး ယမန်နေ့ထက် တစ်လီတာလျှင်​ ငွေကျပ် ၁၀၀ နှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။

စက်သုံးဆီစျေးနှုန်းများသည် ဩဂုတ်လ ၁၆ ရက်နေ့ ပထမအကြိမ်အဖြစ် စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့ရာတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၁၅၀ ကျပ် ၊ 95 တစ်လီတာလျှင် ၁၅၅ ကျပ် ၊ ဒီဇယ်က ရိုးရိုး တစ်လီတာလျှင် ၁၁၀ ကျပ် ၊ ဒီဇယ်အသန့် တစ်လီတာလျှင် ၁၇၀ ကျပ်စျေးနှုန်းများ အသီးသီးမြင့်တက်ခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် 92 ဓာတ်ဆီစျေးနှုန်းမှာ တစ်လီတာလျှင် ငွေကျပ် ၉၀ တက်သွားပြီး ယခုအခါ 92ဓာတ်ဆီ တစ်လီတာလျှင်ငွေကျပ် ၂၉၉၀ ကျပ်၊ 95 ဓာတ်ဆီမှာမူ တစ်လီတာလျှင် ၉၅ ကျပ်တက်သွားပြီး ယခုအခါ 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၁၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး စျေးနှုန်းမှာမူ တစ်လီတာလျှင် ငွေကျပ် ၆၀ ကျပ်တက်သွားပြီး တစ်လီတာလျှင် ၂၆၂၀ ကျပ်၊ ဒီဇယ်အသန့် တစ်လီတာလျှင် ငွေကျပ် ၉၅ ကျပ်တက်သွားပြီး တစ်လီတာလျှင် ငွေကျပ် ၃၂၁၀ ကျပ် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ရန်ကုန်မြို့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ၃၁၀၀ ကျပ်သို့ စျေးနှုန်းမြင့်တက်ပြီး ယမန်နေ့ စျေးနှုန်းထက် 92 တစ်လီတာလျှင် ငွေကျပ် ၁၂၅ ကျပ် စျေးနှုန်းမြင့်တက်သွားကြောင်း၊ 95 ဓာတ်ဆီ တစ်လီတာလျှင် ၃၂၄၀ ကျပ်သို့ စျေးနှုန်းမြင့်တက်ပြီး ယမန်နေ့စျေးနှုန်းထက် ငွေကျပ် ၁၂၅ ကျပ် စျေးနှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ငွေကျပ် ၂၆၅၅ ကျပ်နှုန်းသို့ စျေးတက်ပြီး ယမန်နေ့စျေးနှုန်းထက် ၄၅ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၂၉၅ ကျပ်အထိ စျေးတက်ပြီး ယမန်နေ့ စျေးနှုန်းထက် ၉၅ ကျပ်စျေးနှုန်းမြင့်တက်သွားခဲ့ကြောင်း သိရှိရသည်။

“ဆီစျေးတက်တော့ သယ်ယူပို့ဆောင်ရေး သွားလာရေးစရိတ်တက်ပြီး အစစအရာရာ အကုန်စျေးတက်ပါတယ်။ အခုပုံစံအတိုင်းဆိုရင်တော့ကုန်စျေးနှုန်းတွေပါ ထပ်တက်ဦးမယ်” ဟု ဘုရင့်နောင်ပွဲရုံအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article