27 C
Yangon

တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် ၊ NUG ၊ NUCC နှင့် EROs များကို အသိအမှတ်ပြုရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု က တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသော တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် ၊ NUG ၊ NUCC နှင့် EROs များကို အသိအမှတ်ပြုရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု က တောင်းဆိုလိုက်ကြသည်။

မြန်မာပြည်တွင်းအကျပ်အတည်းကို လျှင်မြန်စွာဖြေရှင်းနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် တော် လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများအား ထိခိုက်နစ်နာအောင်လုပ်ဆောင်မှုကို မဖြစ် မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (EROs) များသည် မြန်မာပြည်တွင်းတော်လှန်ရေး၏ ရှေ့တန်း စစ်မျက်နှာတွင်ရှိပြီး၊ ၎င်းတို့၏ ပိုင်နက်နယ်မြေများအတွက် တာဝန်ခံရသည့် အစစ်အမှန်အာဏာပိုင်များ ဖြစ်ကြသည့်အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရေးပါသည့် ပါဝင်ပတ်သက်သူ များ ဖြစ်ကြကြောင်း အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် EROs များအပေါ် ခြိမ်းခြောက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရ မည်ဖြစ်ပြီး၊ မြန်မာပြည်တွင်းအကျပ်အတည်း၏ မူလအကြောင်းရင်းခံဖြစ်သည့် ဥပဒေနှင့်မညီသော တရားမဝင်၊ ရာဇဝတ်အဖွဲ့အစည်း စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေးနှင့် အလျော့ပေးရေးသဘောတူညီ ချက်ကို လက်မှတ်ထိုးစေရန် EROs များအပေါ် ဖိအားပေးမှုကိုလည်း ချက်ချင်းရပ်တန့်ရမည် ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်မှုကြီးများကို အတောမသတ်ကျယ်ပြောလှစွာ ကျူးလွန် လျက်ရှိပြီး၊ ဒေသတွင်းမတည်ငြိမ်မှုနှင့် မလုံခြုံမှုကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းပင် ဖြစ်သည်။ စစ်အုပ်စုကို ဖယ်ရှားပြီး၊ ၎င်းတို့ကျူးလွန်သည့်နိုင်ငံတကာရာဇဝတ်မှုများအတွက် အရေးယူနိုင်မှသာ ရေ ရှည်တည်တံ့သောငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့၏ အတုအယောင်ရွေး ကောက်ပွဲအပေါ် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် မြန်မာပြည်သူတို့၏ သဘောဆန္ဒကို ထိခိုက်ပျက်ပြား စေပြီး၊ ပြည်သူတို့၏ ဒုက္ခဝေဒနာများကို နက်ရှိုင်းစေသည့်အပြင်၊ အကျပ်အတည်းကိုလည်း တာရှည်သွား စေမည် ဖြစ်ကြောင်း၊ တရုတ်နယ်စပ်ဒေသတွင် မတည်မငြိမ်ဖြစ်စေသည်မှာ စစ်အုပ်စု၏ လုပ်ရပ်ကြောင့်ပင် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။

တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စုအား တရားဝင်မှုပေးအပ်ခြင်းနှင့် နိုင်ငံရေးအရ ထောက်ခံပံ့ပိုးနေမှုကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အစည်းအဖြစ်လည်း ကောင်း၊ ဖက်ဒရယ်ကောင်စီများနှင့် EROs များကို အရေးပါသည့်ပါဝင်ပတ်သက်သူများအဖြစ်လည်း ကောင်း အသိအမှတ်ပြုရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စု အပေါ် ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှုများနှင့် စစ်လက်နက်ရောင်းချမှုအလုံးစုံပိတ်ဆို့ရေးတို့ ပြဌာန်းရန်၊ မြန်မာပြည်တွင်းအကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် သို့မဟုတ် မြန်မာနိုင်ငံအ တွက် အထူးသီးသန့် နိုင်ငံတကာရာဇဝတ်ခုံရုံးတစ်ခု ဖွဲ့စည်းရန် ကြိုးပမ်းမှုများကို အားပေးထောက်ခံရ မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအကျပ်အတည်းအား ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ၏ အရေးယူဆောင် ရွက်ချက်ကို တရုတ်နိုင်ငံအနေဖြင့် ပိတ်ပင်တားဆီးခြင်း မပြုရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြထားသည်။

မြန်မာနိုင်ငံရှိ တာဝန်မဲ့နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများသည် လူမှုအသိုင်းအဝိုင်းများနှင့် သဘာဝပတ်ဝန်း ကျင်အပေါ် ဆိုးဆိုးရွားရွားထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ပြင် အကျင့်ပျက်ခြစားမှုများကို အားပေး ခဲ့ပြီး၊ စီးပွားရေးဆိုင်ရာမမျှတမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ စစ်အုပ်စု၏ ရာဇဝတ်မှုများအတွက် ငွေကြေး ထောက်ပံ့ပေးခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ရမည်ဖြစ် ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန်ယူမှုရှိသောရင်းနှီးမြှပ်နှံမှုဆိုင်ရာလမ်းညွှန်ချက်ကို လိုက်နာရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အရေးပါသောစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာလူ့အခွင့်အရေးတာဝန်ဝတ္တရားများနှင့်အညီ လုပ်ဆောင်ရမည်လည်း ဖြစ်ကြောင်း၊ ယင်းသို့ လုပ် ဆောင်ရာတွင် စစ်အုပ်စုနှင့် စီမံကိန်းအသစ်များလုပ်ဆောင်မှုကို ရပ်တန့်ထားခြင်းနှင့် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ဘဏ္ဍာငွေထောက်ပံ့မည့် ငွေပေးချေမှုအားလုံးကို ရပ်ဆိုင်းခြင်းများ ပါဝင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုထားသည်။

တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စုထံ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များနှင့် လေယာဉ်ဆီများ လွှဲပြောင်းရောင်းချမှုကို ချက်ခြင်းရပ်တန့်ခြင်း အပါအဝင် မြန်မာစစ်တပ်အပေါ် အမြင့်ဆုံး ဖိအားပေးမှုများ ချမှတ်ကျင့်သုံးသင့်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ပိုင်းများအား ပစ်မှတ်ထား ၍ တရုတ်နိုင်ငံ၏ ဖမ်းဝရမ်းထုတ်ခြင်းသည် အပြုသဘောဆောင်သည့်ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် K3C-NUG အချက်ခြောက်ချက်ပါရပ်တည်ချက်နှင့်အညီ ကရင်နယ်ခြားစောင့်တပ် နှင့် နယ်ခြားစောင့်တပ်များကို ကွပ်ကဲပြီး၊ ဆိုက်ဘာငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေသူများ အား ပစ်မှတ်ထားအရေးယူခြင်းအပါအဝင် ဆိုင်ဘာငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သည့်ရာဇဝတ်မှုများအား ကျူးလွန်သူအားလုံးအပေါ် အလားတူအရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း အကြံပြု တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article