27 C
Yangon

ပုသိမ်ကြီးတွင် စစ်မှုထမ်းရန် ပြည်သူများကို ခြိမ်းခြောက် ငွေတောင်းနေသူ ပျူစောထီးနှင့် သတင်းပေး ၃ ဦး တို့ ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် ပြည်သူများကို အတင်း အဓမ္မ ဖိအားပေး ခြိမ်းခြောက် ငွေတောင်းနေသူ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ တောစုကျေးရွာတွင် ပြည်သူများကို ပြည်သူ့စစ် အဖွဲ့ဝင်ရန် အတင်း အဓမ္မ ဖိအားပေးပြီး ခြိမ်းခြောက်၍ ငွေကြေးကောက်ခံနေသည့် ပျူစောထီးအဖွဲ့ဝင် အောင်ဇော်နှင့် မောင်စိုးကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညပိုင်းတွင် တော်လှန်ရေးရဲဘော်များကို စောင့်ကြည့် သတင်းပေးခြင်း၊ ပျူစောထီး အဖွဲ့ဝင်ရန် စာရင်း ပေးထားသော ထုံးဘိုရွာတွင် နေထိုင်သည့် တောစုကျေးရွာ အုပ်ချုပ်ရေးမှူး၏ လက်ပါးစေဖြစ်သူ အကြမ်းဖက် စစ်တပ် သတင်းပေး ဝင်းဇော် ကိုလည်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ပစ်ခတ် တိုက်ခိုက်လိုက်တဲ့ ၃ ကောင်လုံးက အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို အဓိက ဦးဆောင် လှုပ်ရှားနေတဲ့ သူတွေပါ။ ထုံးဘိုရွာက ကောင်ကတော့ သတင်းပေး ဒလန်လို့ သိရတယ်” ဟု ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article