27 C
Yangon

စလင်းမြို့နယ် လင်းဇင်းတိုက်နယ် ရဲစခန်းမှ ရဲတပ်သား မင်းသူကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မကွေးတိုင်း၊ စလင်းမြို့နယ် လင်းဇင်းတိုက်နယ် ရဲစခန်းမှ ရဲတပ်သား မင်းသူကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ဒေါင်း ညီနောင် မြို့ပြပြောက်ကျားအဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီတွင် လင်းဇင်းတိုက်နယ်ရဲစခန်းမှ ရဲတပ်သား မင်းသူသည် ရဲစခန်းနှင့် ၁ မိုင်အကွာ တော် လှန်ရေးတပ်ဖွဲ့များ ကင်းပုန်းဝပ်နေသော နေရာသို့ ရောက်ရှိလာကြောင်း၊ တော်လှန်ရေးတပ်များက ရဲတပ်သား မင်းသူကို ဖမ်းဆီးရန် ကြိုးစားရာမှ အဖမ်းမခံဘဲ ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တာဝန်ထမ်းဆောင်ဆဲ ရခ တစ်ကောင်ကို ရဲစခန်းနဲ့ တစ်မိုင်ခွဲအကွာမှာ ကျွန်တော်တို့ ကင်းပုန်းဝပ်နေတုန်းတွေ့ရှိခဲ့ပြီး ခုခံဖို့ ကြိုးစားလို့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်”ဟု ဒေါင်း ညီနောင် မြို့ပြပြောက်ကျားအဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လင်းဇင်းရဲစခန်းမှ အကြမ်းဖက် ရဲများသည် ဘူးခါးရွာပြည်သူပိုင် ကျွဲ၊ နွားနှင့် ပစ္စည်းများကို လုယက်ခိုးယူရောင်းချနေကြောင်း၊ ကျေးရွာများကို ဖျက်ဆီးပြီး မီးရှို့မှုများကိုလည်း ကျူးလွန်နေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article