31 C
Yangon

မြိုင်၊ လက်ယက်မရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး၊ မိသားစုဝင် ၄ ဦး ပုန်းနေသော ဗုံးခိုကျင်းပေါ်တည့်တည့် ဗုံးကျသဖြင့် မိသားစုလိုက်သေဆုံး

Must read

မြိုင်၊ လက်ယက်မရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး၊ မိသားစုဝင် ၄ ဦး ပုန်းနေသော ဗုံးခိုကျင်းပေါ်တည့်တည့် ဗုံးကျသဖြင့် မိသားစုလိုက်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ် က တိုက်ခိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ ရှိခဲ့ကြောင်း We Love Myaing မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အသက် ၅၀ ကျော် အမျိုးသမီးရယ်၊ အသက် ၃၀ ကျော်အမျိုးသား ၂ ဦးရယ်၊ အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦးရယ်က တစ်မိသားစုတည်းပါ၊ သူတို့က မိသားစုလိုက် ဗုံးခိုကျင်းထဲဝင်နေတာ။ ဗုံးခို ကျင်းပေါ်တည့်တည့် ဗုံး ကျပေါက်ပြီး မိသားစုဝင် ၄ ဦးစလုံးသေသွားကြတာ၊ အဲဒီမိသားစုက အဖေတစ် ယောက်ပဲကျန်တယ်။ သေဆုံးသူကတော့ စုစုပေါင်း ပြည်သူ ၆ ဦးသေပါတယ်” ဟု We Love Myaing မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းဆောင် ၃ ဆောင် နှင့် နေအိမ် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း၊ ပြည်သူမွေးထားသော နွား ၁၀ ကောင်ခန့်လည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article