25.4 C
Yangon

မြင်းခြံ-နွားထိုးကြီး ကားလမ်းတွင် တော်လှန်ရေးတပ်များက နယ်မြေလုံခြုံရေး စစ်ဆေးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရရှိ

Must read

မြင်းခြံ-နွားထိုးကြီး ကားလမ်းတွင် တော်လှန်ရေးတပ်များက နယ်မြေလုံခြုံရေး စစ်ဆေးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရရှိ

ရန်ကုန်၊ စက်တင်ဘာ ၈

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းတွင် တော်လှန်ရေးတပ်များက နယ်မြေလုံခြုံရေး စစ်ဆေးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ ၊ Myingyan Ranger မှ အဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ Myingyan Ranger အဖွဲ့ (ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ ) နှင့်မဟာမိတ် တပ်ရင်း တပ်ဖွဲ့များက မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းကို ယာယီပိတ်ကာ နယ်မြေလုံခြုံရေး စစ်ဆေးနေစဉ် မြင်းခြံမြို့ပေါ်မှ လာသော ဆိုင်ကယ်တစ်စီးကို မသင်္ကာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း၊ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှာ မြင်းခြံမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖြစ်နေ၍ ဖမ်းဆီး စစ်ဆေးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၂ ဦးထံကနေ လက်ပစ်ဗုံး ၁ လုံး ဖမ်းဆီးရမိပါတယ်။ စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်”ဟု Myingyan Ranger မှ အဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Myingyan Ranger ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း။ Freedom Fighter Guerrilla Force (FFGF) ၊ ရဲခေါင်ပျောက်ကြား တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article