26 C
Yangon

ပေါက်တာ၊ ရှင်ရွာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ပန်း စစ်အရာရှိကြီးတချို့၊ စစ်တပ်သတင်းပေးများ အပါအဝင် ၁၇ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်၊ ပေါက်တာမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ဆေးကုသပေးနေသည့်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ စစ်တပ်ဘက်မှ စစ်သုံ့ပန်း အရာရှိကြီးတချို့၊ စစ်တပ်သတင်းပေးများ အပါအဝင် ၁၇ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ညနေ ၆ နာရီ ၅၅ မိနစ်အချိန်တို့တွင် အကြမ်း ဖက် စစ်ကောင်စီက ရက္ခိုင်ပြည်၊ ပေါက်တောမြို့ နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အကျဉ်း သားများကို ဆေးကုသပေးနေသော နေရာတစ်နေရာကို ဂျက်တိုက်လေယာဉ်ဖြင့်

၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့်သူများထဲတွင် စစ်သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့ ၊ စစ်ကောင် စီ၏ သတင်းပေးများနှင့် AA၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့ ၊ AA ကျန်းမာရေးဝန်ထမ်းတချို့ ၊ အရပ်သားပြည်သူနှင့် ကလေးတချို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့က ပေါက်တောမြို့အတွင်းသို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်တချို့ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီက နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြိုရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက် လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ် ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိကြောင်း AAက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်နိုင်မင်း စစ်ဆင်ရေးဖြင့် မြန်မာနိုင်ငံတစ်ဝန်းမှ လက်လွှတ် ဆုံးရှုံးထားသော နယ်မြေများ ပြန်လည် ရရှိရေး စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး လေကြောင်း၊ ကြည်းကြောင်းဖြင့် ထိုးစစ်များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုနေသည့် ဗုံးနှင့်ရော့ကတ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုနေသည့် ဗုံးနှင့်ရော့ကတ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article