26 C
Yangon

ရေတာရှည်၊ ကဲလင်းဆိပ်ရွာ စာသင်ကျောင်းနှင့် ရှားတောရွာကို စစ်တပ် က ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး၊ စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် နမ့်ခမ်းမြို့လယ်ဘုရားနှင့်ဓမ္မာရုံ အကြီးအကျယ် ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာစာသင်ကျောင်းနှင့် ရှာတောကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေ ဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့်ပိုင်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်း နှင့် ရှားတောကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီမှ စက်တင်ဘာလ (၈) ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦးသေဆုံးကြောင်း၊ ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာ ရရှိသူများထဲ တွင် ၄ ဦးမှာအပြင်းအထန် ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများကို မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အမှတ် ၂ စစ်ဒေသခွဲ နယ်မြေ၌ ဩဂုတ်လ အတွင်း ကလေး ငယ်များ အပါအဝင် အရပ်သားပြည်သူ ၁၈ ဦးသေဆုံးကာ ၃၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ထားသည်။

ထို့ပြင် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ အချိန် စစ်ကောင်စီက နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲခဲ့ရာတွင်ပြည်သူ ၁၁ ဦးသေဆုံးသည့်အပြင် နမ့်ခမ်းမြို့ မြို့လယ်ဘုရားကြီး နှင့် ၂ ထပ်ဆောင် ဓမ္မာရုံသစ်ကြီးလည်း ပျက်စီးသွားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ ပြည်သူများမှာလည်း လေကြောင်းဖြင့် ဗုံးကျဲခံရမည်ကို စိုးရိမ်နေရကြောင်း နမ့်ခမ်းမြို့သူမြို့သားများက ပြောဆိုကြသည်။

“နမ့်ခမ်းမြို့ ဘုရားကြီးနဲ့ ဓမ္မာရုံပျက်စီးတာက အပျက်အစီးတွေ ဖယ်ရှားရုံပဲ လုပ်နိုင်သေးတယ်။ ပြန်ပြီးတော့ မပြင်နိုင်သေးဘူး။ ပြည်သူတွေကလည်း စိုးရိမ်စိတ်ကြီးကြီးနဲ့ သတိထားနေနေရတယ်။ လေယာဉ်နဲ့ ဗုံးကျဲမှုတွေ ထပ်ရှိမယ်လို့လည်း သတင်းတွေကြားနေရတယ်”ဟု နမ့်ခမ်းမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article