25 C
Yangon

တောင်ဒဂုံ ၊ ၂၆ ရက်ကွက်ရုံးတွင် အစည်းအဝေး လုပ်နေစဉ် ဗုံးခွဲမှု စစ်တပ်ဘက်တော်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး စစ်တပ်က ရပ်ကွက်ရုံးတွင် တပ်စွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက်ရုံး၌ ရွေးကောက်ပွဲနှင့် အသက် ၃၅ နှစ်အထက် အမျိုးသား များ စစ်မှုထမ်း စာရင်းကောက် ယူရေး အစည်းအဝေးပြုလုပ်နေစဉ် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရပ်ကွက်ရုံးတွင် ဝင်ရောက်တပ်စွဲထားပြီဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force- Civilian Military -SRDF အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ် ၂၆ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီလက် ပါးစေ အုပ်ချုပ်ရေးမှူး ရဲသူရနှင့် စစ်ကောင်စီတပ် ဖွဲ့ဝင်များက ရွေးကောက်ပွဲနှင့်အသက် ၃၅ နှစ်အထက် စစ်မှုထမ်းရမည့် အမျိုးသားများ ကာကွယ်ရေးအဖွဲ့ စာရင်း ကောက်ဖွဲ့စည်းရန် အစည်းဝေးကျင်းပနေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရပ်ကွက်ရုံးတွင် ဝင်ရောက်တပ်စွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

“၂ ဦးထိခိုက်ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်တယ်။အခုမနက်ပဲ စခကားတွေဝင်သွားပြီး ရပ်ကွက်ရုံးမှာ တပ်စွဲထား ပြီ။ ရဲဘော်တွေအားလုံးလည်း ဘေးကင်းပါတယ်။ ကျနော်တို့ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ရှမ်းမန်း မှာရော၊ ထီးချိုင်ဘက်မှာရော ပြည်သူ တွေနဲ့အတူ တိုက်ပွဲဖော်ဆောင်နေပါတယ်။ ရှေ့တန်းရဲဘော် တွေ အတွက် ကျည်ကာပြားနဲ့ ကျည်ကာ ဦးထုပ်တွေ တပ်ဆင်ပေးနိုင်ဖို့ ရွှေဘိုခြုံထည်ကမ်ပိန်းလုပ် နေ တယ်၊ အဲဒီကမ်ပိန်းလေးကို မိဘပြည် သူတွေ ဝိုင်းဝန်းကူညီပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force- Civilian Military -SRDF အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force – လက်ရွေးစင်အထူး စစ်ကြောင်း Civilian Military -SRDF နှင့် Shwe Bo Battalion 15 ရဲဘော်များပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက် ဆက်တွဲ သတင်းအရ အုပ်ချုပ်ရေးမှူးရဲသူရကို မကြာခင်ဖြုတ်ချကာ အသစ် ခန့်အပ်မည်ဟု သတင်းရရှိထားကြောင်း၊ အသစ်လုပ်ဆောင်မည့်အုပ်ချုပ်ရေးမှူးကိုလည်း ထပ်မံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article