30 C
Yangon

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားအမှတ် ၁၀၄၂ ရှေးဟောင်း “ဆင်က” စေတီ ပြိုကျ

Must read

ရန်ကုန် ၊စက်တင်ဘာ ၁၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားအမှတ် ၁၀၄၂ ရှေးဟောင်း ဆင်က ဘုရားစေတီ ပြိုကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ် ကျေး မှုနယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၀၄၂ ရှေးဟောင်း “ဆင်က” ဘုရားစေတီတော်ပြိုကျသွားခြင်းဖြစ်ကြောင်း၊ စေတီသည် လုံး၀ ပြိုကျပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျသွားသော ဘုရားအမှတ် ၁၀၄၂ ဆင်က စေတီတော်သည် ပုဂံမြို့သစ်၊ ရွှေလောင်းရပ်ကွက်တွင် တည်ရှိကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article