26 C
Yangon

ယင်းမာပင်၊ မုံရွာ -ပုသိမ်လမ်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်ဗိုလ်တစ်ဦး သေဆုံး၊ အထိနာသော စစ်တပ်စစ်ကြောင်းက အမျိုး သမီး ၁၃ ဦးပါအဝင် ပြည်သူ ၂၃ ဦးကို ဖမ်းဆီးသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးပြီး စစ်သား၊ ရဲ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း Regional Friend Fighters မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆားလင်းကြီးမြို့နယ်တွင် တရုတ်ကုမ္ပဏီများဖြစ်သည့် မြန်မာဝမ်ပေါင် နှင့် မြန်မာယန်စီ ကုမ္ပဏီတို့က ကြေးနီ ထုတ်ရာတွင် လိုအပ်သော ဆာလဖျူရစ် အက်ဆစ် ကွန်တိန်နာများ ပို့ဆောင်ရန်နှင့် ထုတ်လုပ်ပြီးသား ကြေး နီများကို သယ်ယူ ရန်အတွက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဲ နှင့် စစ်သားများက မုံရွာ-ပုသိမ် လမ်းပိုင်း ဝမ်ပေါင်ကုမ္ပဏီမှ အောင်ဇေယျကုန်းအထိ လုံခြုံရေး ကင်း အင်အား ၁၀၀ ဦးခန့်ဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်သားနှင့် ရဲများ ထွက်လာသည်ကို ကြိုတင်သတင်းရသဖြင့် တော်လှန် ရေးရဲဘော်များက ၃ လုံးတွဲမိုင်း အသင့်ထောင်ထားပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး နေရာမှာ ပင်ပွဲချင်းပြီးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ မိုင်းထိဒဏ်ရာရရှိသော စစ်သားနှင့် ရဲများကို မုံရွာမြို့အခြေစိုက် နမခ စစ်ဆေးရုံသို့ ကားဖြင့်သယ် ဆောင်သွားကြောင်း သိရသည်။

“မိုင်းဆွဲပြီးတော့ အမှတ် ၂၈ ရဲတပ်ရင်းထဲကို ပြန်ဆုတ်သွားတယ်၊ ဒီနေ့မနက်မှ ထပ်ထွက်လာတာ။ သေသွားတဲ့ ဗိုလ်ရဲ့ အဆင့်တော့ မသိရဘူး၊ ဒီအတိုင်းပဲ မြင်တာပဲ ရှိတာပေါ့၊ သူက ဗိုလ်ဆိုတာတော့ သိတယ်။ သူတို့ဘက်ကတော့ ပစ်ခတ်မှုတွေ လုပ်တယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု Regional Friend Fighters (RFF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ တိုက်နယ်၂ ပကဖများဖြစ်သော Regional Friend Fighters (RFF) ၊ Fighter Brotherhood Guerrilla Army (FBGA)၊ Yinmarbin Local -YMB PDF ၊ Black Eagle Defense Force နှင့် ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးအထိနာသော အကြမ်းဖက်စစ်သားများသည် မြေပဲနှုတ်ပြီးပြန်လာသော ဆား လင်းကြီးမြို့နယ်၊ မကျည်းတစ်ထောင် ကျေးရွာမှ အမျိုးသမီး ၁၃ ဦးအပါအဝင် ကားလမ်းဘေးရှိ ပြည် သူ စုစုပေါင်း ၂၃ ဦးကို အောင်ဇေယျ တပ်ကုန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့ စက်တင် ဘာလ ၁၂ ရက်နေ့တွင် အမှတ် ၂၈ ရဲတပ်ရင်းအတွင်းပို့ဆောင်လိုက်ပြီး ပြန်လွှတ်ပေး ခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ – ရှမ်းပြည်မြောက်ပိုင်းတွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရှမ်းပြည်မြောက်ပိုင်းတွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article