27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထိုင်းနိုင်ငံမှာ ကာလတိုသင်တန်းတွေနဲ့ Non ED visa ရယူထားသူတွေကို နိုင်ငံကူးလက်မှတ် Passport အသစ် လဲလှယ်တာမျိုး ဘန်ကောက်သံရုံးနဲ့ ချင်းမိုင်ကောင်စစ်ဝန်ရုံးတွေမှာ မထုတ်ပေးတော့ဘူးလို့ ကြေညာလိုက်တာဟာ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကာ အတင်းအဓမ္မ စစ်မှုထမ်းစေဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ လက်ရှိ Non ED Visa နဲ့ နေထိုင်နေတဲ့လူငယ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
  • အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ABSDF တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ ရဲဘော် ကျော်ကျော်လင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ နောက်လာမယ့် ၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာကွက်ပြီး မိုးကြီးနိုင်သလို ရေကြီးတာကိုလည်း အထူးသတိပြုဖို့ NUG အစိုးရက ပြည်သူတွေကို သတိပေးချက် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article