29 C
Yangon

ရှမ်း-ကရင်နီအစပ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် ပြော

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Loikaw Local PDF၏ ထုတ်ပြန်ချက် နှင့် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားချက်အရ သည်။

စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်အတွင်း ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် စခန်းကုန်းများကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦးသေ ဆုံးပြီး ၃ ဦး အရှင် ဖမ်းမိကာ လက်နက်ကခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“လွိုင်လင်လေး၊ ကုတ်စု၊ ကယာသာယာကကြောတည်း၊ နောက်ပြီးတော့ ဟိုဘက် ထီးစခန်းမှာ ဖြစ် တယ်၊ ၄ နေရာဖြစ်တာ မှန်ပါတယ်၊” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် (Loikaw Local PDF) ၊ Loikaw PDF ၊ KNDF ၊ KNPLF နှင့် ရှမ်းတောင် အခြေစိုက်တပ် အသီးသီး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လွိုင်ကော်ဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး စိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် KNDF ၊KNPLF၊ ရှမ်းတောင် အခြေစိုက်တပ်များ မှလည်း ထိခိုက် ကျဆုံးမူ ရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း အမြောက်အများ အသုံးပြုခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုလည်း အမြောက်အများ အသုံးပြု တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article