29 C
Yangon

မြိုင်နှင့် ပခုက္ကူ မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

မြိုင်နှင့် ပခုက္ကူ မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်တွင် PDF တပ်ဖွဲ့၏ လက်ချက်ဖြင့် ပျက်စီးသွားသော ဘန်ကာ ကို ပြန်ဆောက်ရန် လာသည့် အကြမ်းဖက် စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြိုင်မြို့အထွက် မြိုင်-ရေစကြိုလမ်းမပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ပျက်စီးသွားသော ၃ ထပ်တိုက်ဘန်ကာကို ပြုပြင်ရန် မြိုင်မြို့ဆေးရုံအတွင်းမှ ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုသည် အကြမ်းဖက်စစ်သားများ ပြုပြင်မည့် ဘန်ကာနှင့် မီတာ ၁၀၀ ခန့် အကွာနေရာတွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့တွင်းရှိ အကြမ်းဖက် စစ်သားများက ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးပစ်ကူအများအပြား အသုံးပြုကာ သေဆုံးသွားသော အကြမ်းဖက် စစ်သား အလောင်း ကို ကောက်ယူသွားကြောင်း သိရသည်။

မြိုင်ပကဖအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များဘေးကင်းပြီး အောင်ပွဲရရှိ စေရန် မှန်ကန်သော သတင်းပေးများပေးပို့၍ ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ၄ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင်ကြောင်း ဘာမထီလက် နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ပခုက္ကူမြို့နယ်၊ အောင်သာရွာပျူစောထီး စခန်းကို ဒရုန်း စစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦးဒဏ်ရာရခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးနိုင်ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ BLY အဖွဲ့ ၊ ဧရာဒေါင်း အဖွဲ့၊ GOE ဒရုန်းတပ်ဖွဲ့ နှင့် ဘာမထီ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article