30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပေါ်ပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေသလို သပြေပင်ကျေးရွာအပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားလို့ သေဆုံးသူ ရာချီရှိနိုင်တယ်လို့ အဲဒီရွှေလုပ်ကွက်မှ အလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။
  • ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တံတားပေါ်နဲ့ တံတားဘေးမှာ ရေဘေးသင့်ပြည်သူ ၁၀၀ ကျော် ပိတ်မိနေပြီး အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးဖုံးလွှမ်းသွားတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဖောင်တော်ဦး ကျောင်းဆရာတော်က မိန့်ကြားလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article