27 C
Yangon

နောင်ချိုမြို့ပေါ်သို့ ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားပြီး လူထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ပျက်စီး

Must read

နောင်ချိုမြို့ပေါ်သို့ ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားပြီး လူထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချသွားပြီး လူထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၅၃ မိနစ်အချိန်မှ ည ၁၂ နာရီအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ နောင်ချိုမြို့၊ တောင်ရပ်၊ ကံကြီးလမ်းဘေးရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အခြားသော ဗုံးများမှာ ရွှေမုဌောကျေးရွာဘက်တွင် ကျရောက်ပေါက်ကွခဲ့ကြောင်း၊ လူထိခိုက်မရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“ည သန်းခေါင်ယံအချိန်ကြီးမှာ စစ်ခွေးတွေက လေယဥ်နဲ့ နောင်ချိုမြို့ပေါ်ကိုဗုံးနှစ်လုံးလာကျဲသွားတယ်။ ပြည်သူတွေမှာလည်း ဒီခွေးတွေရန်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရ ဘယ်လိုငရဲမှန်းမသိ။ လူတော့ထိခိုက်မှုမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၃၀ မိနစ်အချိန်အထိ အကြမ်းဖက် စစ်တပ်က Jet fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်​ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ကျဲချသော ပေါင် ၅၀၀ ဗုံး ၂ လုံးတွင် ၁ လုံးသာပေါက်ကွဲခဲ့ပြီး ရော့ကတ်ဒုံးများဖြင့်လည်း ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုသည် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ လူနေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းအသုံးပြုကာ နောင်ချိုမြို့ အတွင်း ဗုံး ၁၃ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article