29 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ ဒုတပ်ရင်းမှူး ဖြိုးအာကာကျော် အပါအဝင် ၈ ဦး ဒဏ်ရာရ

Must read

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ ဒုတပ်ရင်းမှူး ဖြိုးအာကာကျော် အပါအဝင် ၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ပုစွန်မြောင်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ ဒုတပ်ရင်းမှူး ဖြိုးအာကာကျော် အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာရှိ ကျောင်းကြီး ဘုန်းကြီးကျောင်းတွင် အ‌ခြေချ တပ်စွဲထားသော ခမရ ၃၅၀ တပ်ရင်မှ အကြမ်းဖက် စစ်ကောင်စီတပ်သာများ နှင့် တောင်ပိုင်း စစ်‌ဒေသအမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၇၀၃ တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲသည် ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ခမရ ၃၅၀ တပ်ရင်းမှ ဒု – တပ်ရင်းမှူး ဖြိုးအာကာကျော် ‌အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်မှုကြောင့် ဒု – တပ်ရင်းမှူး ဖြိုးအာကာကျော်သည် ဒူးခေါင်းဒဏ်ရာ ပြင်းထန်ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုစွန်မြောင်းကျေးရွာတွင် အခြေချတပ်စွဲထားလျက်ရှိပြီး ဒေသ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊ အရပ်သားပြည်သူ နေအိမ်များမှ ပစ္စည်းများကို ခိုးယူ လုယက်ခြင်း၊ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article