26 C
Yangon

သီပေါမြို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

သီပေါမြို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက် ကျဲချတိုက်ခိုက်ခဲ့ရာ ဒေသပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်းTNLA က ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ မှ ၁၀ နာရီ အထိ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ဆက်တိုက် ကျဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာ ပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရပ်ကွက်အတွင်း ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသ ပြည်သူ ၁ ဦး ဗုံးစမှန် သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီ ၁၆ မိနစ်ခန့်တွင်အကြမ်းဖက်စစ် တပ်စွဲထားသည့် တပ်စခန်းက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပြာကျ သွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူလူထုများကို ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိကြောင်း TNLAကပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၁၁ နာရီ အချိန်တွင် လယ်ဒိုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ် ခမရ-၃၀၇ တပ်ရင်း က ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဇရပ်ခင် ကျေးရွာအတွင်းကျ ရောက် ပေါက်ကွဲခဲ့ပြီးကျေးရွာနေ အသက် ၈၂ နှစ်အရွယ် ဒေါ်လှရွှေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟို ကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article