28 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ ပြည်သူ ၃၀၃ ဦးရှိပြီး ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ကာ စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆ သိန်းခွဲနီးပါး ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ ပြည်သူ ၃၀၃ ဦးရှိပြီး ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ကာ စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆ သိန်းခွဲနီးပါး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်၊ ဘင်္ဂလားပင်လယ်အောက်တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်တို့၏ အရှိန်များကြောင့် မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနှင့် ဧရာ၀တီတိုင်းတို့ရှိ မြို့နယ် ၅၆ ခုတို့တွင် ရေကြီးရေလျှံမှုများ၊ တောင်ကျချောင်းရေ ရုတ်တရက်ဝင်ရောက်စီးဆင်းတိုက်စားမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီအထိ ကောက်ယူထား သော စာရင်းများအရ ပြည်သူ ၂၂၆ ဦးသေဆုံးပြီး ၇၇ ဦးပျောက်ဆုံးခဲ့ကြောင်း၊ စုစုပေါင်း သေဆုံးသူနှင့် ပျောက်ဆုံးသူ ၃၀၃ ဦးရှိကြောင်း၊ တိရိစ္ဆာန်သေဆုံးမှုအနေဖြင့် စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ကြောင်း၊ စိုက်ပျိုးရေဧရိယာ ပျက်စီးအနေဖြင့် စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ရုံးဌာနနှင့်အဆောက်အအုံ ပျက်စီးမှုများအနေဖြင့် အဆောက်အအုံ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေးအဆာက်အအုံ ၃၈၆ လုံး၊ နေအိမ် ၂၁၁၆ လုံး ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ်မြုပ်ခဲ့ကြောင်း၊ လူဦးရေ ၁ သိန်း ခွဲကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နေသော ပရဟိ တနှင့် လူမှုရေးတက်ကြွလှုပ်ရှားသော အဖွဲ့များ၏ ကိန်းဂဏန်းစာရင်းများအရ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူအရေအတွက် ၁၀၀၀ ဦး အထက်တွင် ရှိနေပြီး စစ်ကောင်စီ၏ ကိန်းဂဏန်းများမှာ များစွာ လျှော့နည်းနေသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ – ရေကြီးမှုနှင့်အတူ နွားတစ်ကောင် မျောပါသေဆုံးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရေကြီးမှုနှင့်အတူ နွားတစ်ကောင် မျောပါသေဆုံးနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article