24.8 C
Yangon

စစ်တပ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ နေ အိမ်များ ကို မီးရှို့နေ၍ စစ်ကောင်စီ၏အုပ်ချုပ်ရေးနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မည်ဟု မြိတ် PDF ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူများကို ဖမ်း ဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်နေသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပစ်မှတ်နှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် PDF က ကြေညာသည်။

လတ်တလော နှစ်ဖက် စစ်ရေးတင်းမာနေပြီး မြိတ်-ကြေးနန်းတိုင်လမ်းနှင့် ပြည် ထောင်စုလမ်းပိုင်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြ ရန် မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့် ပြည်သူများထံသို့ အသိပေးပြောဆိုသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ၎င်းတို့သွားလာရာ နေရာတိုင်းတွင် အ ရပ်သားပြည်သူများအား အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာ အ ကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများ ပြုမူဆောင်ရွက်နေပြီး ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် စစ်ရေးတင်းမာလျက် ရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သည့် ကျေးရွာအုပ်ချုပ် ရေးမှူး များ၊ ရာအိမ်မှူးများသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်း လျက် ပြည်သူများအား အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန(တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပူး ပေါင်းစစ်ကြောင်းများက အထက်ပါမြို့နယ်များအတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ် ကြောင်း သိရှိရသည်။

သို့ဖြစ်၍ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်တွင် မြိတ် မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက် နှင့် တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်၌ သွားလာရာတွင် နံနက် ၆ နာရီ မှ ည ၆ နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်နှင့်ကုန် ကားများသည် အလုံပိတ်ဖုံးအုပ်ထားခြင်း (လုံးဝ) မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

ထိုသို့ သတ်မှတ်ချက်ရခြင်းသည် အကြမ်းဖက်စစ်ကောင်စီမှ အသွင်ယူလုပ် ဆောင် မှုများရှိနေ၍ လေး နက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိ၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင် သူများ၏ တာဝန်သာဖြစ်ပါကြောင်း အထူး အသိပေးပြောကြားသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article