24.8 C
Yangon

အုတ်ဖိုတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် ထွက်လာသည့် အေးမြသာယာရဲစခန်းမှ ရဲများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး ရဲအုပ် ဇော်ဝင်း အပါအဝင် ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းမှ အရပ်ဝတ်ဖြင့် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် ထွက်လာသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ စခန်းမှူး ရဲအုပ် ဇော်ဝင်း အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်အချိန် အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် အေးမြသာယာရဲစခန်းမှ အရပ်ဝတ်ဖြင့် ခြေလျင်ထွက်လာသည့် အင်အား ၅ ဦးပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အထက် တန်းကျောင်းရှေ့ လမ်းပေါ်၌ သာယာဝတီခရိုင် တပ်ရင်း : ၃၈ဝ၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တော်လှန်ရေး ရဲဘော် များက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စခန်းမှူး ရဲအုပ် ဇော်ဝင်း နှင့် ရဲသတင်းပေး ကိုသက်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ၀စီ ၁ ခု၊ ငွေ သား ၁၈၀၅၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ ယာဉ်မောင်း လိုင်စင် ၁ ခု၊ ရဲဝန်ထမ်းအရာရှိကတ် ၁ ခု၊ လဝက သက်သေခံကတ် ၁ ခု၊ ပေါ်တာစွဲရန်အမည်ရေးထား သည့် စာရင်းစာရွက် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာလာစဉ် ယင်းနေ့ ည ၁၀ နာရီခန့်တွင် အေးမြသာယာမြို့ပြင်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော ကြောင့် ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” မနေ့ ညနေ ၃ ခွဲလောက်မှာ ပေါ်တာဆွဲဖို့ အရပ်ဝတ်နဲ့ လာတဲ့ ရဲခွေးနဲ့ ရဲသတင်းပေးကို စောင့်တိုက်တာ။ ရဲသတင်းပေး ကိုသက်နဲ့ စခန်းမှူး ဇော်ဝင်းတို့ ခေါင်းကို ကျည် ၁ ချက်စီမှန်ပြီး ပွဲချင်းပြီး သေတော့ ကျန်တဲ့ ရဲခွေး ၃ ကောင်က သေနတ်တွေယူပြီး ရဲစခန်းထဲဝင်ပြေးသွားတယ်။ အဲ့မစ်ရှင်ပြီးတော့ စစ်ခွေးတွေ အစစ်အဆေးကြမ်းတာကြောင့် ရဲဘော်တွေ ခက်ခက်ခဲခဲ ပြန်ဆုတ်ခဲ့ရတယ်။ ည ၁၀ နာရီလောက်မှာ နောက်ကလိုက်လာတဲ့ စစ်ခွေးတွေနဲ့ မြို့ပြင်က ရိုးမပေါ်တက်တဲ့လမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေဘက်က သေတဲ့သူတွေများပြီးအထိ နာတယ်။ ကျွန်တော်တို့ ပြန်ဆုတ်တော့ လမ်းဘေးကနေအိမ် ၃ လုံးကိုမီးရှို့သွားကြတယ်။ အခုသေတဲ့ ရဲသတင်းပေး ကိုသက်က စစ်ခွေး၊ ရဲခွေးတွေနဲ့ပေါင်းပြီး လူငယ်တွေဆီက ငွေညှစ်နေတဲ့ကောင်တွေ ရဲခွေးတွေက ငကြောက်တွေ စခန်းမှူးဆီက ပစ္စတိုကို အရယူပြီး စခန်းထဲဝင်ပြေးတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article