24.8 C
Yangon

ရွှေကူမှ တက်လာသော စစ်သင်္ဘော ၅ စင်းကို ပစ်ခတ်တိုက်ခိုက်မှု ၂ စင်း ထိမှန်ပြီးနောက်ပြန်ဆုတ်သွား၊ စစ်တပ်က ရွှေကူကျွန်းတော်ဘက်ကမ်းကို လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၅ စင်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ သင်္ဘော ၂ စီးထိမှန်သွားသည့်အတွက် ရှေ့ဆက်မသွားတော့ဘဲ ရွှေကူဆိပ်ကမ်းဘက်သို့ စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် ရွှေကူဆိပ်ကမ်းတွင် ၄ ရက်ရပ်နားပြီးနောက် ဗန်းမောက်ဘက်သို့ ဆန်တက်လာသော စစ်သင်္ဘော ၅ စီးကို ရွှေကူအထက်နားတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သင်္ဘော ၅ စီးအနက်မှ ရှေ့ဆုံးနှင့် နောက်ဆုံးမှ လုံခြုံရေးယူ လိုက်ပါလာသော စစ်သင်္ဘော ၂ စီးမှာ လက်နက်ကြီးကျည်ထိမှန် ပျက်စီးသွားကြောင်း၊ ထို့နောက် ယနေ့ နံနက် ၁၁ နာရီအချိန်တွင် စစ်သင်္ဘောအားလုံးသည် မူလထွက်ခွာလာရာ ရွှေကူဆိပ်ကမ်းဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ဒီမနက်မှာ ရွှေကူက ထွက်သွားတဲ့ စစ်သင်္ဘောတွေကို အပေါ်ကနေ စစ်လေ ယာဉ်တွေက ဝန်းရံပြီး ပျံဝဲတာမျိုးလုပ်တယ်။ တိုက်ခိုက်ခံရတော့ ရွှေကူကျွန်းတော်ဘက်ကမ်းကို လေယာဉ်တွေနဲ့ ဗုံးကျဲချတယ်။ စစ်သင်္ဘောတွေက ဗန်းမော်ကို တက်တာပေမယ့် တိုက်ခိုက်ခံရတော့ ရွှေကူကမ်းကို ပြန်လာကပ်ကြတယ်။ စစ်သင်္ဘောတွေတော့ ထိခိုက်တာရှိပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောများ ဆန်တက်ပြီး ကချင်ပြည်နယ်ဘက်ရှိ စစ်ကောင်စီတပ်များထံသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပေးပို့ခြင်း၊ အင်အားဖြည့်တင်းခြင်းများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article