24.8 C
Yangon

ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက သွားရောက်တွေ့ ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများ ရှင်းပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများ ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၇၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ်ဆောင်ရွက်နေသည့် Philemon Yang ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့်အခြေအနေများ၊ မြန်မာ့အရေးနှင့်စပ်လျဥ်းသည့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဥ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူ Philemon Yang သည် ကင်မရွန်းနိုင်ငံဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article