24.8 C
Yangon

မြစ်သား၊ တောင်ငူ၊ ရေတာရှည်မြို့နယ်တို့တွင် ရေဘေး ကူညီရေး လာရောက်သော ပရဟိတအဖွဲ့နှင့် အလှူရှင်များထံမှ လှူဒါန်းမည့် ပစ္စည်းများအားလုံးကို စစ်တပ်က တောင်းခံပြီး တပ်အစီအစဉ်ဖြင့် လှူဒါန်းပေးမည်ဟုဆိုကာ နှင်လွှတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် ရေးဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရန် လာရောက်သော ပရဟိတအဖွဲ့နှင့် အလှူရှင်များထံမှ လှူဒါန်း မည့် အလှူပစ္စည်းများအားလုံးကို စစ်တပ်က တောင်းခံပြီး တပ်အစီအစဉ်ဖြင့် လှူဒါန်းပေးမည်ဟုဆိုကာ နှင်လွှတ်နေကြောင်း သွား ရောက်ခဲ့သော အလှူရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပရဟိတအဖွဲ့များနှင့် အလှူရှင်များက မြစ်သားမြို့သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများကို ကူညီရန် အလှူပစ္စည်းများနှင့်တကွ ရောက်ရှိလာကြောင်း၊ ထိုအချိန်တွင် အရပ်ဝတ်ဖြင့် မြို့လုံခြုံရေး တာဝန်ယူထားရသည်ဆိုသော စစ်တပ်က အလှူပစ္စည်းများကို သက်ဆိုင်ရာ တပ်တာဝန်ရှိသူများထံတွင် အပ်နှံရန်၊ တပ်အစီအစဉ်ဖြင့် ပြန်လည် လှူဒါန်းပေးမည်ဟုဆိုကာ အလှူပစ္စည်းများကို တောင်းခံကြောင်း သိရှိရသည်။

“မနေ့က မြစ်သားကိုရောက်တော့ ရေဘေးသင့်ပြည်သူ ၂၀၀၀ လောက်ရှိတယ်ပြောတယ်။ အဲဒါ အရပ်ဝတ်တွေနဲ့ တပ်က လူတွေက ပစ္စည်းတွေကို သူတို့ဆီ အပ်။ သူတို့ကနေတစ်ဆင့် အကုန်လုံးဆီ ရောက်အောင် ဖြန့်ဝေပေးမယ်ပြောတယ်။ ပြည်သူ ၂၀၀၀ လောက်ဆီ သူတို့ ဖြန့်ပေးမယ်ပေါ့။ ဒီလိုပြောတာ။ အဲဒီလိုကြီးတော့ ကျနော်တို့လည်း မအပ်နိုင်ဘူးလေ။ သူတို့က လှူချင်ရင် သူတို့ဆီအပ်။ မလှူချင်ရင်လည်းနေသဘောမျိုးပြောလာတာ” ဟု သွားရောက် လှူဒါန်းခဲ့သည့် အလှူရှင်တစ်ဦးက ပြောဆိုသည်။

မြစ်သားတွင် ယင်းကဲ့သို့ စစ်တပ်က အကျပ်ကိုင်သဖြင့် အလှူရှင်တချို့မှာ ပစ္စည်းများ ထားခဲ့သော်လည်း အချို့ အလှူရှင်များမှာ အလှူပစ္စည်းများ ယူဆောင်၍ အခြားသော ရေဘေးသင့်နေရာများသို့ ပြောင်းရွှေ့လှူဒါန်းကြကြောင်း သိရှိရသည်။

အလားတူ တောင်ငူမြို့နယ်၊ ထန်းတပင်မြို့၊ ရေတာရှည်မြို့နယ်တို့တွင်လည်း ရေဘေးသင့် ပြည်သူများကို လာရောက်ကူညီသူများကို စစ်တပ်ထံသို့ သတင်းပေးပို့ရန်၊ အလှူပစ္စည်းများကို စစ်တပ်၏ အစီအစဉ်ဖြင့်သာ လှူဒါန်းကြရန် ဖိအားပေး ခိုင်းစေကြောင်း သိရှိရသည်။

“ထန်းတပင်နဲ့ ရေတာရှည်ကိုသွားတဲ့အဖွဲ့တွေကို စစ်တပ်က တားတယ်။ ပစ္စည်းတွေ ပါလာရင် ထားခဲ့။ သူတို့ လှူပေးမယ်။ လှူချင်တဲ့နေရာတွေကို သွားလှူခွင့်မပေးဘူး။ နယ်မြေလုံခြုံရေး အကြောင်းပြတယ်။ ပြီးတော့ ပစ္စည်းတွေ ထားခဲ့ခိုင်းတယ်။ သူတို့ လှူပေးလိုက်မယ်ပဲ ပြောတယ်” ဟု စီးပွားရေးလုပ်ငန်းတစ်ခု၏ လူမှုကူညီရေးကွန်ရက်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စားနပ်ရိက္ခာများဆိုပါက စစ်တပ်က စစ်ဆေးပြီးမှသာ ရေဘေးသင့် ပြည်သူများထံသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခများကို စစ်တပ်ထံတွင် ထားရှိပြီး စစ်ဆေးခြင်းနှင့် ဖြန့်ဝေခြင်းကို တပ်အစီအစဉ်ဖြင့်သာ လုပ်ဆောင်မည်ဟု စစ်တပ်က ပရဟိတနှင့်လူမှုကူညီရေး အလှူရှင်များကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပရဟိတအဖွဲ့နှင့်အလှူရှင်များ လှူဒါန်းသော ပစ္စည်းများကို စစ်တပ်က သိမ်းယူ၍ ၎င်းတို့ ကူညီသည့်ပုံစံဖြင့် ရေဘေးသင့်ပြည်သူများကို ဖြန့်ဝေမှုများ လုပ်ဆောင်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article