27 C
Yangon

အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ် ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက် ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် နောက်လိုက် နောက်ပါများ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ကြောင်း သိရှိရသည်။

ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်များက ပြည်သူများကို ဖိနှိပ်နေသော အုပ်ချုပ်ရေးမှူးများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article