27 C
Yangon

CDM ဝန်ထမ်းနှင့် နာမည်တူသူများ နိုင်ငံကူးလက်မှတ် လျှောက်ထားမရဘဲ ဝန်ခံချက်နှင့်အတူ လာဘ်ငွေပေးသူများသာ နိုင်ငံကူးလက်မှတ်ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက် စစ်ကောင်စီက CDM ဝန်ထမ်းများကို အမည်ပျက် စာရင်းသွင်းပြီး နိုင်ငံကူးလက်မှတ် ထုတ်မပေးရန် ပိတ်ပင်ထားရာ CDM ဝန်ထမ်းများနှင့် နာမည်တူသူများပါ နိုင်ငံကူးလက်မှတ်လျှောက်ထားမရဖြစ်နေကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျန်းမာရေးဝန်ကြီးဌာနက CDM လုပ်ထားတဲ့ ဆရာဝန်နဲ့ နာမည်တူလို့ဆိုပြီး နိုင်ငံကူးလက်မှတ် ထုတ်မပေးဘူး။ နေပြည်တော် စာတင်ပါဆိုတော့လည်း တင်တာပဲ။ ပတ်စ်ပို့က မရဘူး။ အဲဒါနဲ့ နောက်ဆုံး ဝန်ခံချက်တင်ပါဆိုလို့လည်း တင်တာပဲ မရဘူး” ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူတစ်ဦးက ပြောဆိုသည်။

အလားတူ စင်ကာပူနိုင်ငံသို့ အလည်သွားရောက်ရန်အတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့ရာတွင် ပညာရေးဝန်ကြီးဌာနမှ CDM လုပ်ထားသော ကျောင်းဆရာမတစ်ဦး၏ အမည်နှင့် တူနေသဖြင့် နိုင်ငံကူးလက်မှတ် အငြင်းခံခဲ့ရသော အမျိုးသမီးတစ်ဦးကလည်း ပတ်စ်ပို့ရရှိရေး အကြိမ်ကြိမ်စောင့်ဆိုင်းသော်လည်း ၆ လကြာသည်အထိ မကြာခဏ ချိန်းဆိုကာ နိုင်ငံကူးလက်မှတ် မရရှိသေးကြောင်း ပြောဆိုသည်။

“တောင်ကြီး Passport ရုံးမှာ လျှောက်ထားတာ။ CDM ဆရာမနဲ့ နာမည်တူလို့ဆိုပြီး ခဏခဏ ရက်ချိန်းပေးနေတာ။ ၆ လလောက်ရှိပြီ။ အခုထက်ထိကို မရသေးဘူး။ ဝန်ခံချက်တွေလည်း တင်ထားတာပဲ” ဟု တောင်ကြီးမြို့မှ နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အမျိုးသမီးက ဆိုသည်။

ရန်ကုန်မြို့မှ နိုင်ငံကူးလက်မှတ် အကျိုးဆောင်ပွဲစားတစ်ဦးကမူ CDM ဝန်ထမ်းများနှင့် နာမည်တူသော နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေဖြင့် ဝန်ခံချက် အပါအဝင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ရက်ချိန်းပေးမည်ဖြစ်သော်လည်း ခဏခဏ ရက်မချိန်းလိုပါက VIP လမ်းကြောင်းဖြင့် ငွေပေး၍ လုပ်ဆောင်နိုင်ကြောင်း၊ CDM ဝန်ထမ်းများနှင့် နာမည်တူသော ပတ်စ်ပို့ အမြန်ရရှိရန် အနည်းဆုံး ငွေကျပ် သိန်း ၃၀ ကျော် စျေးပေါက်ကြောင်း ပြောဆိုသည်။

“CDM ဝန်ထမ်းတွေနဲ့ နာမည်တူတာက နည်းနည်းဖြေရှင်းရခက်တယ်။ အဆင့်ဆင့် စာတင်ရတယ်။ ထောက်ခံစာအစုံနဲ့ တင်ရမယ်။ ရက်ချိန်း ပြန်ပေးမှာပဲ။ ရက်ချိန်းပြန်မပေးချင်ရင်တော့ VIP လမ်းကြောင်း ရှိတယ်။ ဝန်ဆောင်ခက သိန်း ၃၂ သိန်းလောက်ကျမယ်။ ၁ လနဲ့ ၃ လလောက် တော့ ကြာနိုင်တယ်”ဟု နိုင်ငံကူးလက်မှတ် အကျိုးဆောင်ပွဲစားက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်များကို တင်းကျပ်လျက်ရှိနေပြီး အထူးသဖြင့် CDM ဝန်ထမ်းများ ၊ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ်လျှောက်ထားလာပါက ထုတ်မပေးရန် ပိတ်ပင်ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article