32 C
Yangon

ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ က ကြေညာလိုက်ပြီး ကြားကာလလွှတ်တော်ကို စုပေါင်းဖွဲ့စည်းမည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကရင်နီပြည်နယ် ကြားကာလအစီအမံနှင့် အညီ လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။

ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကို စက်တင်ဘာ ၆ ရက်နေ့မှ စ၍ ပြဌာန်းလိုက်ခြင်းဖြစ်ပြီး ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ဖွဲ့စည်းခြင်းကို ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမျိုး သားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင် ရေးဆွဲအတည်ပြု ပြဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၁-၂ နှင့် အာဏာ သိမ်းစစ်တပ်နှင့် လုံးဝပူးပေါင်းဆောင်ရွက်ခြင်းမပြုသော ကရင်နီပြည်နယ်၏ ကြားကာ လအစီအမံ ပုဒ်မ ၄၁ ပါ ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ကို စုပေါင်းဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ကရင်နီပြည်နယ် ကြားကာလအတွင်း ပြဌာန်းထားသော ဥပဒေများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ကရင်နီပြည်နယ်နှင့် စပ်လျဉ်းသည့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ကရင်နီပြည်နယ်နှင့် ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားများ၏ အကျိုးစီးပွားကိုသာ အဓိကထားခြင်း ၊ ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားများ၏ လူ့အခွင့်အရေးအပြည့်အဝ ရရှိခံစား နိုင်ရေးကို ရှေ့ရှုဆောင်ရွက်ခြင်း၊ မဲဆန္ဒနယ်မြေနှင့် ကရင်နီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြားကာလ အစီအမံနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ မဲဆန္ဒရှင်များ၏ တင်ပြချက်များကို လွှတ်တော်သို့တင်ပြခြင်း၊ လွှတ်တော်ကပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်များသည် ကရင်နီပြည်နယ် ကြားကာလအစီအမံပါ ပြဌာန်းချက်များကို လိုက်နာစောင့်ထိန်းခြင်း၊ ကရင်နီပြည်နယ် ကြားကာလအစီအမံနှင့် မဆန့်ကျင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ကြားကာလအတွင်း ပြဋ္ဌာန်းထားရှိသော ဥပဒေများ၊ နည်းဥပဒေများနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ လွှတ်တော်ကိုယ် စားလှယ်များ၏ ကျင့်ဝတ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆို ဆက်ဆံနေထိုင်ခြင်း၊လွှတ်တော်ကိုယ်စားလှယ်များသည် ဂျဲန်ဒါအခြေပြု (လိင်ပိုင်းဆိုင်ရာ) အကြမ်းဖက် မှုများအပါအဝင် မည်သည့်အကြမ်းဖက်မှုများကိုမဆို ကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း တို့ကို လိုက်နာရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ တို့သည် တာဝန်ထမ်းဆောင်ရာတွင် ကရင်နီပြည်နယ်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ အဂတိလိုက်စားခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်မှု မရှိပါက တာဝန်မှ ရပ်စဲခြင်းကို ဆောင်ရွက်နိုင်ကြောင်း ၊ ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်အနေနှင့် ကရင်နီပြည်နယ်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ဥပဒေနှင့်အညီ နုတ်ထွက်ခြင်း၊ကရင်နီပြည်နယ် ကြားကာလအစီအမံပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန် ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ အဂတိလိုက်စားခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း၊ ကွယ်လွန်ခြင်း အကြောင်းများ ဖြစ်ပေါ်ပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဥပဒေက ဆိုသည်။

လွှတ်တော် အစည်းအဝေးများနှင့် ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ရာတွင် အရေးကြီးဆုံးဖြတ်ချက်များကို ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး သာမန်ဆုံးဖြတ်ချက်များကို အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ လွှတ်တော် ဥက္ကဌ သို့မဟုတ် ဥက္ကဌတာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဥက္ကဌသည် ဆန္ဒမဲ မပေးရဘဲ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက် ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင်သာ အနိုင်မဲ ပေးရန်၊ ဥက္ကဌနှင့် ဒုတိယ ဥက္ကဌ ရွေးကောက်တင် မြှောက်ရာတွင် သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ လွှတ်တော် အစည်းအဝေးတွင် သဘာပတိအပါအဝင် လွှတ်တော် ကိုယ်စား လှယ်အားလုံးမဲခွဲ ဆုံးဖြတ်ရန်နှင့် သဘာပတိသည် အနိုင်မဲ ပေး၍ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းလိုက်သော ဥပဒေတွင် ဖော်ပြပါရှိသည်။

ဓာတ်ပုံ – ကရင်နီ အမျိုးသားအလံတော်ကို သစ္စာဆိုနမ်းရှုပ်နေသော ကရင်နီတပ်မတော်မှ တော်လှန်ရေးရဲဘော်တစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီ အမျိုးသားအလံတော်ကို သစ္စာဆိုနမ်းရှုပ်နေသော ကရင်နီတပ်မတော်မှ တော်လှန်ရေးရဲဘော်တစ်ဦး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article