32 C
Yangon

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာ၂၀ရက် နေ့ ညနေ၅နာရီအချိန် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး အဆိုပါ ငါန်းမြာကြီးကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ထားသော ကျေးရွာဖြစ်ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးနှင့်တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဂျက်ဖိုက်တာနဲ့ ပစ်တာ။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိဘူး။ ကနဦး ဗုံး ၁ လုံးကျဲတယ်။နောက်ထပ် ပတ်ပျံဝဲပြီး တစ်ကြိမ်ကို Rocketနဲ့ ၂ လုံး အကြိမ်ရေ ၃ ခေါက်ပစ်တယ်။ စုစုပေါင်း Rocket ၆လုံး၊ ဗုံး ၂ လုံး ကျဲချပြီးတော့ စက် သေနတ်နဲ့ပါ ပစ်တယ်။ သေဆုံးတာကတော့ ပြည်သူ ၁၀ ဦးနဲ့ တော်လှန် ရေး ရဲဘော်၂ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးတယ်။ပြည်သူ ၂၀ ဦးလောက် ဒဏ်ရာရရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးပျူစောထီးကျေးရွာကို ပြည်သူကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article