28 C
Yangon

ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၊ အမှတ် ၄၂ ရပ်ကွက်ရုံးကို လက် ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Light of Union မြို့ပြပြောက် ကျားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် The Light of Union မြို့ပြပြောက်ကျားအဖွဲ့က မြောက်ဒဂုံ မြို့နယ် ၄၂ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးမှာ ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးထဲတွင်ရှိသော စစ်အာဏာရှင် လက်ပါးစေများ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်နိုင်ကြောင်း သိရှိရသည်။

အဆိုပါ အမှတ် ၄၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ရခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး ဆယ်အိမ်မှူးများသည် အာဏာသိမ်းကာလတလျှောက်လုံး ပြည်သူလူထုအပေါ် ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်း ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်ခြင်း၊ စစ်ကောင်စီအလိုကျ မတရားစစ်မှုထမ်းခြင်းအတွက် ပြည်သူလူထုကို ဖိအားပေးခြိမ်းခြောက်ခြင်း များ လုပ် ဆောင်လျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး ခရိုင် တိုင်းအဆင့် အုပ်ချုပ်ရေးနှင့်ဆက်စပ်သမျှသော စစ်ကောင်စီလက်ပါးစေအားလုံးကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၄၂ ရပ်ကွက်ရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article