30 C
Yangon

စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြကာ မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား

Must read

စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြကာ မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြပြီး မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ လဆန်းပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာကြောင်း၊ ထို့ကြောင့် ဖားကန့်မြို့မှ ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြောင်း၊ ယနေ့တွင်မူ ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်သွားကြပြီး တစ်မြို့ လုံး တိတ်ဆိတ် ခြောက်ကပ်လျက်ရှိကြောင်း သိရှိရသည်။

“မနေ့က စပြီး ပြည်သူတွေ ပြေးကြတာ ဒီနေ့တော့ မြို့တစ်မြို့လုံး တိတ်ဆိတ်သွားပြီ။ လူတောင်မရှိတော့ဘူး။ ခြောက်ကပ်သွားတယ်။ ဆိုင်းတောင်ဘက်မှာတော့ တိုက်ပွဲဖြစ်နေတုန်းပဲ။ ဖားကန်မြို့ပေါ်မှာ လူကို မရှိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်များက ဖားကန့်မြို့ပေါ်တွင် ပျံဝဲနေပြီး အခြေအနေကို အကဲခတ်နေကြောင်း၊ မကြာမီ ဖားကန့်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားလာနိုင်ကြောင်း မြို့ပေါ်တွင် ကျန်ရစ်ခဲ့သည့် ဒေသပြည်သူတချို့က ပြောဆိုသည်။

“ဖားကန့်ရဲစခန်းဘက်မှာလည်း ဘာသံမှ မကြားရဘူး။ အရမ်းကို တိတ်ဆိတ်နေတာ” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article