28 C
Yangon

နယူးယောက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိရေး ချီတက် ဆန္ဒပြ၊ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ မိန့်ခွန်းပြော

Must read

နယူးယောက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိရေး ချီတက် ဆန္ဒပြ၊ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ မိန့်ခွန်းပြော

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကုလသမဂ္ဂ အဖွဲ့အစည်း၏ ၇၉ ကြိမ်မြောက်အထွေထွေညီလာခံက မြန်မာပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး လူထုကိုယ်စားပြု သံ အမတ်ကြီးဦးကျော်မိုးထွန်းကိုသာလျှင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုသံအမတ်အဖြစ် ဆက်လက် အသိအမှတ်ထားရှိရေး အမေရိကန်ပြည် ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza တွင် ယနေ့ ပြည်ပရောက် မြန်မာများက ချီတက် ဆန္ဒပြကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2024 အဖြစ် Our Ambassador, Myanmar’s Voice ခေါင်းစဉ်ဖြင့် လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲအခမ်းနားကို ကျင်းပခြင်းဖြစ်သည်။

အဆိုပါအခမ်းနားတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့မှ ကျန်းမာရေး၀န်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပွဲကျင်းပရေး တာဝန်ရှိသူတို့မှ Global Action for Credential Campaign 2024 အကြောင်းရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော ပြည်နယ် အသီသီး၊အဖွဲ့အစည်းအသီးသီးရှိကိုယ်စားလှယ်များတို့မှ Campaign နှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက် တင်ပြဆွေးနွေးခြင်း တို့ကိုပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီ ပေးကြရန်ကိုလည်း၊ တောင်းဆိုခဲ့ကြသည်။

ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံမှ ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။ UN ရုံးချုပ်အနီးသို့ ပြန်လည်ရောက်ရှိလာသော ဆန္ဒပြစစ်ကြောင်းမှ မြန်မာတိုင်းရင်းသားပြည်သူများကို နယူးယောက်ဒေသခံ အလှုရှင်များက နေ့လယ်စာများဖြင့် ဧည့်ခံကျွေးမွေးဝေငှခဲ့ပေးခဲ့ကြသည်။

ယခုအခမ်းနားနှင့်ချီတက်ပွဲကို နယူးယောက်မြို့ရှိ NYCBCအဖွဲ့မှ ဦးဆောင်ကာ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ ထောင်နှင့်ချီတက်ရောက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article