27 C
Yangon

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုအပေါ် ကန့် ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်ရှိ စစ်ကောင်စီ ၏ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

Must read

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုအပေါ် ကန့် ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်ရှိ စစ်ကောင်စီ ၏ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြနေကြကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီမြန်မာသံရုံးရှေ့တွင် ထိုင်း နိုင်ငံသား ၂၀ ဦး ဝန်းကျင် ဆန္ဒပြနေကြခြင်းဖြစ်ပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများအလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“မွန်းလွဲ ၁၂ နာရီ ၃၀ ကနေ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်လောက်အထိ သံရုံးရှေ့ ဆန္ဒပြကြတယ်။ မြန်မာတွေက ဆိုင်တွေဖွင့်တယ်၊ ထိုင်းတွေ လုပ်ရမယ့် အလုပ်တွေကို ဝင်လုပ်တယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ သံရုံးကို စာပေးပြီး ပြန်ထွက်သွားကြတယ်” ဟု ဆန္ဒပြပွဲကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ရှင်းပြသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအနေဖြင့် ထိုင်းနိုင်ငံတွင် ယာယီ ခိုလှုံ နေထိုင် အလုပ်လုပ်ကိုင်ရာတွင် ထိုင်းနိုင်ငံ၏ယဉ်ကျေးမှုကို ဆန့်ကျင်သော အပြုအမူများ မလုပ်သင့်ကြောင်း၊ ထိုင်းနိုင်ငံသားများ မကြိုက်သော အပြုအမူများကိုလည်း ရှောင်ရှားကာ ဧည့်သည်များအနေဖြင့် ဧည့်သည်လိုနေထိုင်ပြီး အိမ်ရှင် မငြိုငြင်စေရန် နေထိုင်သင့်ကြောင်း ထိုင်းရောက် မြန်မာတချို့က သုံးသပ်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article