28 C
Yangon

ထားဝယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း တပ်စွဲ နေထိုင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ထပ်မံတိုက်ိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္ကားသစ္ဆတ် (ကျားသစ်နက်) ၊ တပ်မဟာ ၆ တပ်ရင်း ၂၇၊ Eastern Defense Force (EDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင်ကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည် သူ့ဘက်၊ အမှန် တရားဘက် ရပ်တည်ကာ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ – ပဲခူးတိုင်းအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပဲခူးတိုင်းအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article