28 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ တရားမဲ့ သေဒဏ်ချမှတ် သတ်ဖြတ်မှုများအပေါ် နိုင်ငံတကာက တားဆီး အရေးယူပေးရန် NUCC က တိုက်တွန်းတောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

အကြမ်းဖက် စစ်ကောင်စီ၏ တရားမဲ့ သေဒဏ်ချမှတ် သတ်ဖြတ်မှုများအပေါ် နိုင်ငံတကာက တားဆီး အရေးယူပေးရန်အမျိုး သားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က တိုက်တွန်းတောင်းဆိုသည်။

ယမန်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံ တကာ အစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့် ဆုံး ဖြတ်ချက်များကို တာဝန်ခံလျက် အကြမ်းဖက်စစ်ကောင်စီ၏ သွေးအေး ရက်စက်ယုတ် မာစွာ သတ်ဖြတ်၍ ရာဇဝတ်မှုကျူးလွန်နေမှုများအား ထိရောက် စွာ တားဆီး အရေးယူရန် တိုက်တွန်း အပ်ကြောင်း၊ အမျိုး သားညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် ပြည်တွင်းပြည်ပ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို အရေးယူရန်နှင့် နစ်နာသူများအ တွက် တရားမျှတမှု ရရှိနိုင်စေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NUCC က ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် မတရားဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ပြည်သူများအား သေဒဏ် အပါအဝင် မတရား ပြစ်ဒဏ်များ ချမှတ်ထားကြောင်း၊ ယင်းတို့အနက်မှ ၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို တရားမဲ့ ကြိုးပေး သတ်ဖြတ်ခဲ့ကြောင်း၊ ယခုအခါ သေဒဏ်ချမှတ်ခံထားရသော နောက်ထပ် တက်ကြွလှုပ်ရှားသူ လူငယ်များအား အကြမ်းဖက် စစ်ကောင်စီမှ ကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် အရိပ် အယောင်များနှင့် တရားမဲ့ စီရင် သတ် ဖြတ်လိုက်ပြီ ဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ သတင်းအမှောင်ချ လုပ်ဆောင်မှုများကြောင့် အဆိုပါ သတင်းများ၏ မှန်ကန်မှုကို လက်ရှိအချိန်ထိ တရားဝင် အတည်ပြုနိုင်ရန် ခက်ခဲကြောင်း NUCC က ဆိုသည်။

သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင် မြှောက်ထားသည့် တရားဝင်အစိုးရ တရပ်အား စစ်တပ်အင်အားကို အလွဲ သုံးစားပြုကာ အဓမ္မ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုသာ ဖြစ်သည့်အလျောက်၊ ပြည်သူများအပေါ် မည်သည့် တရားစီရင်ခွင့်မျှ မရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအား မတရားဖမ်း ဆီးခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းများသည် လုံးဝ တရားဝင်မှု မရှိဘဲ သေဒဏ်ကဲ့သို့ ပြစ်ဒဏ်စီရင်မှုကို ပြုလုပ်ရန် အခွင့်အာဏာလည်း လုံးဝ မရှိသည့်အပြင်၊ ယင်းသို့ လုပ်ဆောင်မှုများသည် ရာဇဝတ်မှုများ ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းသာ ဖြစ်သည်ဟု NUCC က ထောက်ပြသည်။

ထို့အပြင် စစ်ပွဲအတွင်း ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ပဲ၊ သေဒဏ်ချမှတ်စီရင်ခြင်းသည် လူသားတစ်ဦးချင်းစီတိုင်း၏ မွေးရာပါရပိုင်ခွင့်တရပ်ဖြစ်သော အသက် ရှင်နေထိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် အကြမ်းဖက်စစ်ကောင် စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇ ဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ရပ်တန့်ရန်လည်း တားမြစ်ကြောင်း NUCC က ထုတ်ပြန်ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

A combination image shows Kyaw Min Yu, also known as Ko Jimmy and Phyo Zeyar Thaw, two of the four democracy activists executed by Myanmar’s military authorities, accused of helping carry out “terror acts,” state media, in the undated screen grabs taken from a handout video. MRTV/Handout via REUTERS
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article