28 C
Yangon

မန္တလေးမြို့မှ အိုးဝေယာဉ်မောင်း ကိုညီညီအောင် ရေဘေးသင့် ပြည်သူများကို သွားရောက်ကူညီပြီး နေအိမ်သို့ ပြန်လာစဉ် ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

မန္တလေးမြို့မှ အိုးဝေယာဉ်မောင်း ကိုညီညီအောင် ရေဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်းပြီး နေအိမ်ကို ပြန်လာစဉ် ပျောက်ဆုံးနေပြီး မိသားစုနှင့် အဆက်အသွယ် မရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မဟာအောင်မြေမြို့နယ်မှ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်မှ ရေဘေးသင့် ပြည်သူများထံ လှူဒါန်းရန် ပစ္စည်းများ သွားယူပြီးနောက် နေအိမ်သို့ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုညီညီအောင်သည် စိန်ပန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်ရှိ တူဖြစ်သူထံသို့ ရေသင့်ပြည်သူများအတွက် လှူဒါန်းရန် ပစ္စည်းထုပ်များ သွားရောက် ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ကိုညီညီအောင်သည် အိုးဝေမောင်းပြီး မိသားစုကို လုပ်ကိုင် ကျွေးမွေးနေသူဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ် ဆောင်ပြီး အိုးဝေယာဉ်မောင်းများထံမှ လုယှက်သူများလည်း များပြားနေခြင်းကြောင့် မိသားစုဝင်များက အသက်အန္တရာယ်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

“မန္တလေးမြို့ပေါ်က အလုအယက် ဓားပြတွေလည်း သောင်းကျန်းနေကြတော့ အိုးဝေလုပြီး လူပါ အန္တရာယ်ပြုမှာ စိုးရိမ်နေကြတယ်။ စစ်အုပ်စုက ဖမ်းဆီးတာခံရတာလား။ အလုအယက်သမားတွေနဲ့ တွေ့တာ သေချာမသိသေးဘူး။ သူ့မိသားစုက စိတ်ပူနေကြရှာတယ်။ ၂၃ ရက်နေ့က ရေဘေး ကူညီရေး လုပ် ဆောင်နေတဲ့ သူ့တူတွေရှိတဲ့ဘက်ကို ပစ္စည်းထုပ်တွေတင်ပြီး သွားပို့တယ်လို့ သူ့မိန်းမဆီက သိရတယ်။ ညနေပိုင်း ၆ နာရီခွဲလောက်မှာ ထွက်သွားပြီး သူ့မိန်းမနဲ့ ဖုန်းဆက်သွယ်ပြီး ပြန်လာနေပြီလို့ ပြောတယ်တဲ့ အဲနောက်ပိုင်းက စပြီး အခုချိန်ထိ အိမ်ပြန်မရောက်လာဘဲ ဖုန်းအဆက်သွယ်လည်း ပြတ်တောက်သွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article