28 C
Yangon

ပွင့်ဖြူတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ကူညီဆောင်ရွက်နေသူများအား ထိရောက်စွာ အရေးယူသွားမည်ဟု ပွင့်ဖြူမြို့နယ် ပကဖ အသိပေး

Must read

ပွင့်ဖြူတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ကူညီဆောင်ရွက်နေသူများအား ထိရောက်စွာ အရေးယူသွားမည်ဟု ပွင့်ဖြူမြို့နယ် ပကဖ အသိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၅

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ကူညီလုပ်ဆောင်နေသူများအား ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောာင်း ပွင့်ဖြူမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီး ပြည်သူများကို သတ်ဖြတ်ကာ စစ် ရာဇဝတ်မှုများ စွာကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒအရ လုံးဝ ( လုံးဝ) လက်မခံသည့်အတွက် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမှုများကိုလည်း လုံးဝလက်ခံမည်မဟုတ်ကြောင်း အသိပေး ထုတ်ထား သည်။

“လက်ရှိ အုပ်ချုပ်ရေးမှူးတွေကို အသိပေးလာတာရှိတယ်။ အောက်တိုဘာ ၂ ရက်နေ့လောက်စ ကောက်မယ်လို့ အသိပေးထားတယ်လို့ ကြားမိတယ်။ ကျနာ်တာလှုပ်ရှားမှုမျိုးတော့ မတွေ့ရသေး ဘူး။ ကျနော်တို့အနေနဲ့တော့ စောင့်ကြည့်နေပါတယ်။ ကျနော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာ ခရိုင် ကွက်ကဲ၊ တိုင်းကွက်ကဲတွေရဲ့ ညွှန်ကြားချက်အတိုင်း အရေးယူသွားမှာပါ။ ကျနော်တို့နဲ့ အလှမ်းဝေး တဲ့ နေရာတွေမှာ ကောက်ယူသူ ၊ ကူညီသူ တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းထားပြီး နောင်တစ် ချိန်မှာ အရေးယူ သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ပြီး လူထုလက်မခံသော နိုင်ငံရေး ထွက် ပေါက်ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူ ခြင်းများ လာမည့်ရက်ပိုင်းအတွင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ သဘောဆန္ဒအရ သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝတားမြစ်လိုက်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူသူ များသည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သလို စစ်ကောင်စီသက်ဆိုးရှည်စေရေး ထောက်ပံ့ပေး နေသူများ၊ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသူများအဖြစ် ရှုမြင်ပါကြောင်း ပြောဆို သည်။

သို့ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီက ကောက်ယူမည့် သန်းခေါင်စာရင်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်ခံ အားပေးသူများအနေဖြင့် လုံးဝ (လုံးဝ) မကောက်ယူရန်နှင့် ကောက်ယူကူညီသူများကိုလည်း ပြည်သူ့ဆန္ဒအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ထားသည်။

“ကျနော်တို့အနေနဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်နေသူတွေကိုလည်း စာရင်းပြုစုထားပါ တယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်မှုထမ်းအတွက်ပါဝင်ပတ်သက်သူတွေ၊ သန်းခေါင်စာရင်း ကောက်ယူသူတွေကို သေချာမှတ်ထားပြီး ကျနော်တို့ကို သတင်းပေးပို့ကြဖို့ အကူအညီတောင်းပါ တယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article