30 C
Yangon

ပုသိမ်ကြီးမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၂ ဦး ပစ်ခတ် ခံရပြီး ၂ ဦးလုံး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကံကြီးရွာတွင် နေထိုင်သော ပျူစောထီး နေလင်းဦးနှင့် ထီးတော်မိုးရွာရှိ လစရ-၅ တပ် နှင့် ကံကြီးရွာထဲ၌ အထိုင်ချ နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ တော်လှန်ရေးအဖွဲ့ များ၏ တည်နေရာ ၊အသွားအလာများကို သတင်းပေး လုပ်ဆောင်နေသော ဒလန်အကြီးစား ဒေါ်ပို တို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၂ ဦးကို ဖမ်းဆီးရန် ပုသိမ်ကြီးမြို့နယ် ပကဖ ရဲဘော်များက ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေးသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“မြို့နယ်အတွင်းမှာ ရှိတဲ့ အကြမ်းဖက် စစ်တပ် နဲ့ သူတို့ရဲ့ ထောက်တိုင် တွေကို အလျဉ်းသင့်သလို တိုက်ခိုက် ရှင်းလင်းသွားမှာပါ” ဟု ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article