32 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှု ကိုရင် ၂ ပါး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှု ကိုရင် ၂ ပါး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊စက်တင်ဘာ ၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ကိုရင် ၂ ပါး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ယောက်သွားကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းနေထိုင်သော ကိုရင်လေး ၂ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ကညင်ကြိုး ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ဦးချစ်သိန်း၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ ၁ လုံး ထပ်မံပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာနှင့် ရွှဲတလဲ ကျေးရွာအကြား ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ မူးမြို့နယ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ရာ စဝင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စဝင်းကျေးရွာနေ အသက် ၆၃ နှစ်အရွယ် ဦးဝင်း လှိုင်နှင့် အသက် ၁၈ နှစ် အရွယ် မောင်အောင်ပြည့်ဖြိုး တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်းသိရှိရသည်။

ထို့ပြင် ဆောထိမြို့နယ်တွင်လည်း စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်နှင့် ၃ နာရီ ၁၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကောက်မယ်သူ ကျေးရွာအတွင်းကို ဒရုန်းဖြင့်ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ကိုမျိုးသူ၏ နေအိမ် ထိခိုက် ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article